Pages

0

ကာလာမဲ့ ကဗျာ

Thursday 1 April 2010

အရာရာခွဲခွာ တစ်သက်စာ
ဝဋ်ကြွေးတွေရှိနေလို့လား
ကြုံဆုံနေသမျှ ခွဲခွာသွားရခြင်းက
အဆုံးသက်ဦးမှာလား ။။

ငါ့မျှော်လင့်ချက် ငါလှမ်းခဲ့ပေမဲ့
အဆုံးသက် အနာဂတ်မှာလေ
ငါတစ်ယောက်တည်းပဲလား
ဥယျာဉ်လေးမှာ ပန်းပွင့်ဝေဆာ
လှပပွင့်ဖူး သာယာနေချင်သေး ..။

အိပ်မက်မဟုတ် ဟုတ်ခဲ့ဘူးလည်း
လျှောက်လှမ်းနေပြီ ခြေလှမ်းတွေသည်
ဟိုးအဝေးဆီ  ခိုင်မြဲချင်ပြီ





0 Responses to "ကာလာမဲ့ ကဗျာ"