Pages

0

HAPPY NEW YEAR 2011

Friday 31 December 2010

2011 happy new year
နှစ်သစ်မှာ လူသားအားလုံး ပျော်ရွှေချမ်းမြေ့နိုင်ကြပါစေ။
နှစ်ဟောင်းတွေကို စွန့်လွတ်ပြီးခဲ့ပေမဲ့ သတိရစိတ်နဲ့ အတိတ်ကိုတော့
ထားခဲ့လို့မရနိုင်ခဲ့ပါဘူး။
နှစ်သစ်ကိုလည်းမျှော်လင့်တယ် ကံကောင်းခြင်းတွေနဲ့
ပျော်ရွှင်မူ့တွေပိုင်ဆိုင်ဖို့...ယခု 2010 ကုန်လွန်သွားသော်လည်း 2011 မှာ
မျှော်လင့်ချက်တွေအပြည့်နဲ့ ခ၇ီးဆက်နှင်နေတဲ့ ကျွန်တော်။
ကုန်လွန်သွားခဲ့တဲ့ နေ့ရက်တိုင်းကို အမြဲသတိရနေမိတယ်
အဝေးရောက်သူရေ။အချိန်တွေ နေ့၊လ၊နှစ်တွေဟာ
တားဆီးမရ ပြောင်းလည်းနေခဲ့ကြတယ်နော်။ 2011 မှာ မင်းတစ်ယောက်နဲ့
လူသားအားလုံး ပျော်ရွှင်ချမ်းမြေ့နေပါစေလို့ ဆုတောင်းလိုက်ပါတယ် ... Happy
New Year 2011

0

ရတနာပုံတယ်လီပို့ အကြောင်း

Sunday 19 December 2010

ရတနာပုံတယ်လီပို့ အကြောင်း


မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်…။
ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။ တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။
ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့ မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ…။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ…။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့…။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်…၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။
လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့… ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်…။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ…။
နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။ ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။
အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။
ရတနာပုံ Virus
ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ…။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး … တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်…By:myanmargazette

0

MCPA EXAM

Thursday 16 December 2010

MCPA EXAM
မြန်မာနိုင်ငံပညာရှင်အသင်းရဲ့ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ်
အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ ကျောင်းသားများ၊ အိုင်တီ
လောကသို့ စတင်ဝင်ရောက်ရန် ကြိုးစားနေသူများ၊ MCPA အသင်းဝင်များ၏
အရည်အချင်းကို မှတ်ကျောက်တင် အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော
စာမေးပွဲများဖြစ်ပါသည်။
သတင်းအချက်လက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူးပြီး
အသင်းအသိမှတ်ပြုစာမေးပွဲများကို ကျင်းပလျှက်ရှိပါသည်။
2010 ပြည်နှစ်အတွက် ဒီဇင်ဘာလ စာမေးပွဲများကို အောက်ဖော်ပြပါ
အစီအစဉ်အတိုင်း ကျင်းပစစ်ဆေးမည်ဖြစ်သည်။
ကျင်းပမည့်နေ့ - December , 19, Sunday
ကျင်းပမည့်အချိန် - နံနက် (9:00) နာရီ မှ (12:00) နာရီ
စာမေးပွဲအမျိုးအစား
1.MCPA Certified Fundamental Software (FSE)
2.MCPA Certified Network Associate (NA)
စာမေးပွဲကြေး (5000)ကျပ် (MCPA အသင်းဝင်ဖြစ်ပါက 10% Discount)
ဖြေဆိုမည့်နေရာ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (SHAN) ဗိုလ်ချူပ်အောင်ဆန်း နှင့်
တောင်ကျောင်းလမ်းတောင့်၊ မြို့မရပ်ကွက်။(စာမေးပွဲကို မည်သူမဆို
ဝင်ရောက်ဖြေဆိုနိုင်ပါသည်)

0

ရှမ်းနှစ်သစ်ကူး

Tuesday 7 December 2010

2010 ရှမ်းနှစ်သစ်ကူး ညလေးတစ်ည အမှတ်တရဓာတ်ပုံတစ်ချို့
တောင်ကြီးတစ်ည၊ဆောင်းခဏ၊ရှမ်းအလှနဲ့ရှမ်းအကလေးတွေ မျက်စိရသခံစားကြည့်ကြပါဦးဗျာ....

0

တောင်ကြီးမြို့၊ ရှမ်းနှစ်သစ်ကူး ကထိန်လှည့်လည်ပွဲ

Monday 6 December 2010

တောင်ကြီးမြို့၊ ရှမ်းနှစ်သစ်ကူး ကထိန်လှည့်လည်ပွဲ

0

ငါ့စိတ်မှာ

Sunday 5 December 2010

အချိန်တွေပြောင်းလဲသွားနေကြတယ် ဒါပေမဲ့ ရင်ဘက်ထဲမှာ ရှိနေတဲ့ မင်းပုံရိပ်က အရင်တိုင်းပါပဲလား မင်းအတွက် ငါတို့ဇာတ်လမ်းလေး မှေးမှိန်သွားခဲ့မယ်ဆိုရင်တောင် ငါမှာတော့ အသက်နဲ့ကပ်ငြိနေမှာပါ အသက်ထွက်ထိ လိုက်ပါမိမှာပါပဲကွာ ငါဘယ်တော့မှာ မေ့မိမှာမဟုတ်ပါဘူး ချစ်သူရယ်...

0

nainaihtun wants to keep up with you on Twitter

Saturday 4 December 2010

Twitter

nainaihtun wants to keep up with you on Twitter

Twitter connects you with everything you want to know, right now. Short bursts of information are readily available from news organizations, corporate entities, politicians, celebrities, local businesses - even your close friends and family. Also, if you have something to share with the world, Twitter makes it super easy. To join for free, click the link below. http://twitter.com/i/ee84c86c94384738a32a587b397aa7cfadae06ec

Thanks,

@twitter

About Twitter, Inc.

Founded in 2007, Twitter Inc believes the open exchange of information can have a positive global impact. Every "Tweet" is limited to 140 characters of text or links which means they are easily written or read on a wide variety of services and devices including any mobile phone, social networks, television, Macs, PCs, and the Web.

This message was sent by a Twitter user who entered your email address. If you'd prefer not to receive emails when other people invite you to Twitter, click here: http://twitter.com/i/o?c=sQiodi1rGUlGQmqzaEjICIOqnLOM6Jt9mNkEy08EICiQ4bgddhO9cw%3D%3D

Please do not reply to this message; it was sent from an unmonitored email address. This message is a service email related to your use of Twitter. For general inquiries or to request support with your Twitter account, please visit us at Twitter Support.