Pages

0

Gtalk မှာ User name ကျန်ခဲ့မှာဆိုးလား

Monday 12 April 2010


ကျွန်တော်လည်းစာမရေးဖြစ်တာကြာပြီ အချိန်မရလို့ပါ ရတဲ့အချိန်လေး ၀င်ဝင်ရေးရတယ် အခု Gtalk ဆိုတဲ့ Google Talk အကြောင်းလေးပါ ကျွန်တော်မြင်တွေ့နေရတယ် ဘာကြောင့်လည်းဆို  User တွေပါ သူတို့နာမည်လေးတွေကျန်မှာဆိုးလို့ User name မှာ လျှောက်ရိုက်ခဲ့တယ် တကယ်တော့ ကျန်ပါတယ် လောလောဆယ်အဆင်ပြေဖို့အတွက်တော့ ပြောပြလိုက်ပါတယ် user name and password မှာ လျှောက်နှိပ်ပြီး enter ခေါက်ခဲ့ပေါ့ အဲလိုလုပ်လည်းကျန်နေခဲ့သေးတာပါပဲ ကဲ ရှည်နေလိုက်တဲ့စကား စနေသားဖြစ်လို့ပဲ ဒီလိုပါခင်ဗျာ သုံးတဲ့သူမှန်သမျှ Registery မှာ ကျန်နေခဲ့ပါတယ် ရှာချင်တယ် ဖျက်ချင်တယ်ဆိုရင်တော့ win + R နှိပ်ပါ မသိသေးရင်တော့ Start / Run ပြီးရင် regedit ဆိုရိုက်ပြီး ok HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။

0 Responses to "Gtalk မှာ User name ကျန်ခဲ့မှာဆိုးလား"