Pages

0

ငါး ဖီလင်

Tuesday 30 March 2010

အခုတော့ တစ်ယောက်တည်းလေ ဘယ်သူမှမရှိဘူးလို့တော့ပြောလို့မရဘူး ဘာကြောင့်လဲဆို သူတို့တွေရှိတယ် တွေ့တယ်မလား စုံလင်တဲ့ ငါးလေးတွေ မနေ့က ဖိုက်တာ တစ်ကောင်ဝယ်ထည့်လိုက်တယ် အနီရဲလေး သားဖေါက်လို့ကောင်းတဲ့ အထီးလေးပါ ဘာကြောင့်လဲဆို ရေပေါ်မှာ ပူပေါင်းလေးတွေ တော်တော်လုပ်နေပြီ မသိရင် ပြောပြမယ် အထီးဝယ်ရင် အဲလိုမျိုးလုပ်တက်တဲ့ အထီးကိုမှ ၀ယ်ရတယ်လို့ စာထဲမှာတွေ့ဘူးတယ် ပြီးရင် အမ ကိုထည့်ပြီးသားဖောက်မယ်ဆို သူတို့နှစ်ကောင် အဆင်ပြေမှ အတူထားပြီးသားဖောက်လို့ရတာပါ အဆင်ပြေလို့ ဥချ ပြီဆိုရင် ဖိုက်တာ အစ်မရဲ့ ဥတွေဟာ အထီးမှုတ်ထားတဲ့ ပူပေါင်းလေးတွေထဲမှာနေတယ် ဒါဆိုသားဖောက်လို့အိုကေပြီသိလား အယ် တစ်ခုရှိတယ် အစ်မ ဥချပြီးရင် အထီးက စောင့်ရှောက်နေပြီ ဒါဆို အထီးက အစ်မကို အကပ် မခံတော့ဘူးဗျာ ဘာလို့လဲသိဘူး ..:P တကယ်ပြောတာ ။ ဒါကောင်တွေက ကျွန်တော့်ကို တော်တော်အဖော်ပြုပေးတယ် သူတို့ကိုလဲ တော်တော်ဂရုစိုက်ပြီး အလုပ်လုပ်ပေးရတာတော့ မလွယ်ဘူးဗျို့ မွေးဘူးတဲ့သူမှသိတာ ကျွန်တော်ကတော့ ဖီးသမားဖြစ်လို့လားတော့မသိဘူး ငါတွေမွေးရတာ ပြုစုရတာ ကျေနပ်မိတယ် တစ်ခါတစ်ရံဆို ငါးဝယ်ဖို့အတွက် ပိုက်ဆံမရှိပါဘူးဆို စိတ်က အရက်သမား အရက်မသောက်ရသလိုပဲ သိတယ်မလား..။တစ်နေ့ငါးမ၀ယ်ရရင် တစ်မျိုးဖြစ်နေတာပဲ စိတ်ကူးထားတာတော့ရှိတယ် စိတ်ကူးထားတာနော် ခြံအကျယ်ကြီး တစ်ခုထဲမှာ ပန်းဥယျဉ်တွေနဲ့ ငါးကန်မြောက်များစွာထည့်မယ် အခုဆို ရှားနေတဲ့ ဂျပန် ငါကြင်းကြီးတွေထည့်မယ် တကယ်တော့ ငါ အစုံထည့်မယ် ဗျာ ပြီးရင် ကျေးငှက်တွေလည်း ခြံဝန်းအတွင်းမှာ အော်မြည်စေချင်တယ် အခုရေးလိုက်တဲ့ ဖိုက်တာတွေဆိုရင် ဖန်ပုလင်းကျယ်တွေ တစ်ခုချင်းစီ အကောင်တစ်ရာလောက်မွေးထားချင်တယ် စိတ်ကူထားတယ်ဆိုပေမဲ့ တကယ်ဖြစ်လာမှာနော် ကြော်ငြာလိုက်တာ ဟီးဟီး ဘယ်တော့လည်းတော့မမေးနဲ့ ပြီးရင် အော်လိုက်မယ် အခုတော့ ကျွန်တော့် ငါးလေးတွေ ပြထားပါတယ် အစုံတော့မပါလိုက်ဘူး တစ်ချို့ငါးတွေ မြေကန်မှာရောက်နေလို့ ။တစ်နေ့နဲ့တစ်နေ့ မိုးလင်းတာနဲ့ သူတို့နဲ့ စပြီး အဖော်လုပ်ရတယ် ပြီးရင် အလုပ်သွားမယ် အခုဆို ည (12)လောက်ထိ ပြန်လာရင် ငါးလေးတွေနေကောင်းလား ဘယ်လိုလည်းဆိုကြည့်ရတယ် သူတို့တွေ ကူးခက်နေရင် ကျွန်တော်ပင်ပန်းလည်းပျော်တယ် ငါးဆိုတာကူးခက်မှလေ အိုကေ ..။ နောက်မှဆက်ရေးပေးပါမယ်။ ကျွန်တော့်လိုငါးဝါသနာရှင်များ ကျွန်တော့်ကွန်မန်း (0) မှာနှိပ်ပြီး သိသလောက်မှတ်သလောက်ရေးသွားကြပါနော်။


0 Responses to "ငါး ဖီလင်"