ည အားလပ်ချိန်လေး အပြင်မှာထိုင်နေရင်း ကောင်းကင်ကို မော့ကြည့်နေမိတယ် တစ်ခြမ်းပဲ့လလေးကို တိမ်တွေက တိုးဝှေ့လို့ ပေါ်တလှည့် ပျောက်တလှည့်နဲ့ပေါ့ စိတ်ထဲမှာလည်း လွမ်းရိပ်တွေက ဘယ်နေရာက တိုးဝင်လာလည်းမသိ ဟိုအရင် ရက်တွေဆီကိုရောက်သွားခဲပါတယ် တစ်ယောက်တည်းတိုးတိတ်စွာ။ အဆောင်ရှေ့မှာ ချစ်သူကိုယ်စီ စကားစမြည်ပြောနေကြလို့ တို့နှစ်ယောက် စကားတွေမဆက် ကောင်းကင်နက္ခကိုကြည့်နေမိတယ်။ ကြယ်တွေ လင်းလတ်တာကိုလည်း ကြည်နူးခဲ့တယ် ခုနှစ်စင်ကြယ် အစအဆုံ ရေတွက် ပြောနေမိတဲ့ အသံတွေ မကြာပါဘူး .. အဆောင်တံခါးပိတ်တော့မယ် အသိစိတ်တွေ ကိုယ်စီ ၀င်လာတော့မှ စကားပြောနေပြန်တယ်လေ တစ်ညတာ လွမ်းပြေရေးတွက်။ အတိတ်ရဲ့ နမ်ချက်တိုင်းဟာ အခု အလွမ်းတံတိုင်းတွေ ဖြစ်ဖို့ဆိုတာ ဘယ်သိခဲ့မှာလည်း။ မျက်လုံးပေါ် မိုးစက်တစ်ပေါက်လွင့်လာတော့မှ အသိစိတ်ဝင် အလွမ်းတောမှ ပြန်လာခဲ့ပါပြီ။ မိုးစက်တွေလည်း ခဏပါပဲ ပျောက်ကွယ်သွားလေပြန်ပေါ့။ ပိုပြီးတော့ သာယာနေတဲ့ မိုးကောင်းကင်ရယ် တစ်ခြမ်းပဲ လမင်းရယ် ငါကြည့်မ၀အောင်လှပနေတယ။် ခွဲခွာခြင်းတွက များလာတော့ အလွမ်းတွေဆို တာမကုန်ဆုံးနိုင်တော့ပါဘူး။စိတ်မှာ ပြန်တွေ သံစဉ်တွေကို ဆိုငြီးနေမိ အဆောင်ရှေ့ တီးခတ်ခဲ့တဲ့ သီချင်းလေး တစ်ချို့ပေါ့ .. သူမကြားနိုင်တော့ပါ ဝေးရာအရပ်မှာ သူပျော်နေမယ်ထင်ရဲ့။ ဒီလူမှာတော့ အလွမ်းရှေ့ ဒူးထောက် ခေါင်းစိုက်နေရရှာပေါ့။မင်းသိပါစေ ငါ့ အလွမ်း
0
0
ရှမ်းပြည်နယ် PA +IA ဟောပြောပွဲ ခန်းမ ပညာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပ (May 30 2010)
0
သာစွဟန်လင်း
0
Local Disk (D) ပျောက်လို့
0
မင်းအသံလေပြေ
0
Networking Book
0
အတွေးနဲ့အလွမ်း
ရှမ်းပြည်နယ် PA +IA ဟောပြောပွဲ ခန်းမ ပညာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပ (May 30 2010)
Tuesday, 15 June 2010
Posted in: ဓါတ်ပုံ | 0 Comments | Email This
သာစွဟန်လင်း
Sunday, 6 June 2010
ဆောင်းတွင်းအခါ မြောက်လေလာက
အိမ်သာအနံ့ ၀တ်အနံ့တို့
သင်းပျံ့မွှေးစွာ နေရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
ခဲသလဲပါ ရောင်ဝါထိန်ငြီး
လုံးတီးထမင်း ပျော့ဖျင်းဖျင်းကို
ရသာကင်းစွာ လွေးရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
အရေကျဲကာ ဆီမပါသည့်
ဟင်းလျာအဟုတ် ချက်ပြုတ်ရန်တွက်
အက်သံထက်သေး အတုံးလေးများ
ရရှိလာအောင် ဖန်ဆင်းဆောင်သည့်
ဂုဏ်ရောင်ပြောင်ထူး စားဖိုမူးအား
နိုဘယ်ဆုပင် အပ်နှင်းချင်သည်
သက္ကသီလာ မြကျွန်းသာရိပ်
ချွေးသိပ်ခိုဝင် ပညာသင်ရင်း
ဆောင်ဟန်လင်းမှာ ကြုံလာသောက
အ၀၀တို့ ချောလှတမူ
နှင်းဆီသူနှင့် အတူယှဉ်တွဲ
ဒင်နာပွဲကြောင့် ဒီမောင့်ရင်ခွင်
ကင်းပျောက်စင်ရာ တာဝတိံသာက
ရူံးရလောက်သည် ပီတိဖရဏ
စိတ်မှာထင်ဟပ် ရွတ်ဆိုအပ်ပြီ
သာစွဟန်လင်းပေတကား။
မျိုးမြင့်သန်း(မန်းစက်မြေ)
Posted in: ကဗျာ | 0 Comments | Email This
Local Disk (D) ပျောက်လို့
Saturday, 29 May 2010
ကျွန်တော်အရင်က Drive တွေပိတ်တဲ့ ပို့စ် ရေးခဲ့ဘူးပါတယ် ပြန်ဖွင့်ဖို့အတွက် အခုမှရေးဖြစ်တော့တယ် လွယ်ပါတယ် ပိတ်တုန်းကလည်း ပိတ်ခဲ့ပြီးပေါ့ အခု အဲဒီလမ်းကြောင်းအတိုင်းပြန်သွားလိုက်ယုံပါပ။ဲ ဒီလိုပါ ခင်ဗျာ Start / Run မှာ diskmgmt.msc ရေးပြီး အိုကေ လိုက်ရင် အလွယ်တကူ ရရှိသွားပါပြီး ။နောက်တစ်နည်းက start / run မှာ gpedit.msc ဆိုပြီး ရေးလိုက်ပါ User Configuration / Administrative Templates / Windows components / windows Explower ဆိုပီးသွားလိုက်ပါ Hide these specified drives in my computer ဆိုတာတွေ့ပါလိမ့်မယ် ဖွင့်လိုက်ပါ Enabled လုပ်ထားတာကို Not configured ကိုပြန်ရွေးပေးပြီး Apply / ok ဆိုရင် ရသွားပါပြီ ပိတ်ထားတာလေး ပြန်ဖွင့်လို့ပြီးသွားပေါ့။ ပြန်ပိတ်ထားချင်တယ်ဆိုရင် Enabled ပြန်ရွေးလိုက်ပေါ့ အိုကေ...
ကြိုးစားလျှက် ......
Posted in: ကွန်ပျူတာ | 0 Comments | Email This
မင်းအသံလေပြေ
Friday, 28 May 2010
ငါ့ နား မှာ လေပြေတိုးလို့
သူ့အသံနဲ့ ပျော်ခဲ့ဘူးတယ်
ေ၀၀ါး တဲ့ စိတ်တွေ ဘယ်သူရယ် မသိပေမဲ့
ရင်ဘက်မှာတော့ ထင်ဟပ်ခဲ့တယ်
သူ့အသံ လေပြေ..။
သူ့အသံလေပြေ ပျောက်ကွယ်လေတိုင်း
ရင်ဘက်တစ်ခု ကွက်လပ်အဖြစ်နဲ့
လစ်ဟင်းနေသလို
မျှော်လင့်ချက်လည်း မဲ့ခဲ့ရ၏..။
ဆောင်းအိပ်မက်လား
ခဏတာမက်ခွင့်ရှိမယ်ဆိုရင်တောင်
အိပ်မက် မှာ ငါ့အနားမင်းရှိနေပေးပါ
မင်းရှိနေရင် အရာရာပြည့်စုံတယ်လို့
ခံစားနေမိလို့ပါ ငါ့ရဲ့လေပြေ..။
မင်းခတ်ခဲနေလား ဆုံတွေ့ချိန်တွေ
အိပ်မက်တွေပဲ ပေးမယ်ဆိုလည်း
မနိုးထနိုင်တဲ့ အိပ်မက်တွေ
မင်းအပိုင်စား ပေးသနားပါ....ငါ့ရဲ့လေပြေ။
မင်းအသံလေပြေ
ရင်ခုန်သံအထက်မှာ ပွင့်ဖူးနေပါတယ်လေ.....။
Posted in: ကဗျာ | 0 Comments | Email This
Networking Book
Tuesday, 18 May 2010
Networking မြန်မာလိုစာအုပ်လေး ထပ်တွေ့လို့ တင်ပေးလိုက်ပါတယ် တည်ဆောက် အသုံးပြုခြင်းနှင့် သဘောတရားလေးပါ Beginner များအတွက် အသုံးတဲ့မယ်လို့မျှော်လင့်ပါတယ်။စားသုံးချင်တဲ့ သူများကတော့ အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါနော်....။
ကြိုးစားလျှက် ....(ခရီးသည်)
Networking book download
download /ifile.it Posted in: Networking book | 0 Comments | Email This
အတွေးနဲ့အလွမ်း
Monday, 17 May 2010
အရင်ရက်တွေမှာဆို နေအရမ်းပူတာပဲ မနေ့က မိုးရွာတော့ အိပ်ကောင်းမယ် ထင်ခဲ့တာ အိပ်မပျော်ခဲ့ပါဘူး မီးကလည်းမလာဘူး နဖူးပေါ် လက်တင်လိုက်မိတယ် သူအဲဒီနေရမှာ ဘာတွေလုပ်နေလည်း ဘယ်လိုပုံ များဖြစ်နေလည်း၊ မသိ မမြင်နိုင်တော့ အတွေးနဲ့ပေါ့ စမ်းတ၀ါးဝါးနဲ့ လက်နှိပ်ဓါတ်မီးကို စွဲကိုင်လိုက်ရင်း အိတ်တစ်လုံးမှာ ရှာဖွာကြည့်ရင်း သူ့ဓါတ်ပုံတွေ တွေ့လိုက်မိတယ် ကြည့်နေရင် အဝေးကိုရောက်သွားတဲ့ အတွေးတွေ ပြန်ခေါ်လို့မရအောင်ပါပဲ။ အတူဆုံခဲ့တဲ့ရက်တွေကို စမြုပ်ပြန်နေမိပါတယ်။
ဝေးသွားခဲ့တာကလည်း နှစ်တွေတောင် ကြာနေခဲ့ပြီလေ တစ်ခါတစ်လေတော့လည်း သူ့အသံကို ကြားရတက်ပါတယ် ၀တ်တရားနဲ့ဖြေသိမ့် ပြောနေတာလား နားမလည်နိုင်လောက်တဲ့ စကားတွေလည်းကြားရပါတယ် အရာရာ အိပ်မက်လို့လည်း သူမှတ်ယူတယ်လို့ ခဏခဏလည်း ကြားနေရတက်ပါတယ် အဲလောက်လွယ်ကူတက်လား တွေးနေခဲ့မိတယ် အတွေးကမဆုံးပါဘူး ညကနက်လာပြီလေ။ဒါပေမဲ့ အတွေးကိုမရပ်တန့်ချင်ပါဘူး အတိတ်ရက်တွေ ခေါင်းထဲ ၀င်လာတယ် ကျောင်းသူ / သား နေ့ရက်တွေ အတူလက်တွဲ ပျော်ရွင်ခဲ့ဘူးတာက တစ်ရက်တာ မဟုတ်တဲ့ နှစ် လ ရက် တွေလေ ဒါတွေကို လွယ်လွယ်နဲ့ မေ့ပျောက် အိပ်မက် သက်မှတ်ချင်ခဲ့သူ ။
အချိန်တွေ ပြောင်းသွားပေမဲ့ လွမ်းသူ ရင်မှာ အရင် ဇာတ်ကွက် အတိုင်းပါပဲလေ ဆုံတွေ့ခြင်းက ခွဲခွာခြင်းဖြစ်ခဲ့ပြီးနောက် ခွဲခွာပြီးနောက် ဆုံတွေ့ဖို့ရှိနိုင်မလား အတွေးတွေနဲ့ ဒီတစ်ည မျက်စိမှိတ်လိုက်ခဲ့ပြီ။
| 0 Comments | Email This
Subscribe to:
Posts (RSS)


