Pages

Showing posts with label စိတ်ကူးစာ. Show all posts
Showing posts with label စိတ်ကူးစာ. Show all posts
0

မွန်လေး သို့ အိပ်မက်ည

Tuesday, 31 May 2011

အိပ်မက်ဆိုတော့လဲ အိပ်မက်လိုပါပဲ နိုးထလာချိန် တစ်ညလုံးမက်ခဲ့တဲ့ အကြောင်းရာတွေက တကယ်မဟုတ်မှန်းသိခဲ့ရတယ်။ အဲဒီညက ဘာအကြောင်းမှမတွေးပဲ မက်ခဲ့တဲ့ အိပ်မက်စစ်စစ်လေးတစ်ခုပေါ့။ အိပ်မက်စစ်လို့ပြောရခြင်းက ဒီလိုပါ တစ်ခါတရံတွေမှာ အိပ်ပျော်ခါနီးတွေးခဲ့တဲ့ အကြောင်းရာတွေဟာ စွဲလန်းစိတ်နဲ့ အိပ်မက်ဆိုတာကလဲ မက်တက်တယ်မလား ခုတော့ ကျွန်တော့်မှာ အလွတ်မက်တဲ့ အိပ်မက်စစ်စစ်ပေါ့ဗျာ။ကျွန်တော်သိပ်ချစ်ရဲ့တဲ့ ကောင်မလေးရှိတယ်ဗျ
တက္ကသိုလ်ကျောင်းသားဘ၀မှစပြီး ယခုထိတိုင်ပါပဲ အဲဒီအချိန်သူက သူ့ဖေဖေပြောင်းရွှေ့ရာအရပ် သရက်မြို့မှနေပြီး မကွေးသက္ကသိုလ်ကျောင်းတော်ကြီးမှာ အဆောင်နေပြီးတက်ခဲ့တယ် အဲဒီချိန်မှာ ကျွန်တော်ကလဲ မြစ်အနောက်ဘက်ကမ်း စကုမြို့ ဆိုတဲ့နေရာလေးမှာ နေပြီး မကွေးသက္ကသိုလ်မှာ အဆောင်နေေ ကျာင်းသားအဖြစ် တက်ခဲ့တယ်လေ။ ချစ်သူဖြစ်သွားခဲ့ကြတယ် ကျောင်းတွေပြီးလို့ ခွဲသွားကြရတယ် မကြာမကြာ တစ်လတစ်ခါလောက်တော့ ဖုန်းလာတက်ပါတယ် ကောင်မလေးဆီက အခုဆိုဖုန်းမလာတာလဲကြာပြီ။ အိပ်မက်က ခုမှစတာ…:D မှတ်မိတဲ့အပိုင်းစလေးတွေပါ ကောင်မလေးက ကျွန်တော်နဲ့ဝေးသွားတာကြာပြီလေ သူဘယ်မှာနေတယ်ဆိုတာတော့ သိပါတယ် အိပ်မက်မှာ ကျွန်တော်မေ့သွားတယ် သူတကယ်လက်ရှိနေထိုင်ရာအ၇ပ်ကို။အိမ်မက်ထဲမှာ သူရောက်နေတဲ့အရပ်က
ကျွန်တော့်အိမ်နဲ့ကပ်နေတယ် ခေါင်းရင်းဘေးအိမ်ဖြစ်နေခဲ့တယ် ကောင်မလေးတို့မိသားစု အဲဒီမှာ အိမ်ငှားနေကြတယ်။ ကျွန်တော် မသိခဲ့ဘူး အဲဒီမှာနေတာ တစ်နှစ်ခန့်လောက်ကြာနေပြီပေါ့ အကြောင်းတစ်ခုခုကြောင့် သူဒီမှာရှိနေတာကို သိလိုက်ရချိန် ကျွန်တော် သွေးပျက်သွားသလို ရင်တွေအရမ်းခုန်စေခဲ့တယ် တစ်နှစ်လောက်အကြာတောင် ကျွန်တော်နားမှာ သူရှိနေတာကို မသိခဲ့ဘူး (ကောင်မလေးမှာ အကျင့်ရှိပါတယ် ကျောင်းတက်စဉ် အိမ်မှာနေတာတွေမှအစ အပြင်ထွက်လေ့မရှိဘူးလေ) သူကျွန်တော့်နားမှရှိရတဲ့အကြောင်းရင်းက ဒီလိုပါ သူ့မိဘတွေက ဓါတ်ပုံ print ထုပ်ဖို့ဆိုပြီး ကျွန်တော်ဆီ အဲဒီပုံတွေေ ရာက်လာတော့တာပါပဲ အဲဒီပုံတွေကြည့်ပြီး ကျွန်တော် အချိန်ကြာ အံ့အားသင့်နေခဲ့မိတာပေါ့။ စုံစမ်းကြည့်လိုက်တော့မှ ကောင်မလေးတို့မိသားစုဟာ ကျွန်တော့် အိမ်ဘေးမှာနေတာ သိလိုက်ရတယ် ကျွန်တော်လည်း အိမ်ကမိဘတွေကိုပြောပြလိုက်ပါတယ်။ အဲလိုနဲ့ ဓါတ်ပုံတွေ print ထုပ်ပေးလိုက်တယ်။ ဒီလိုနဲ့ကျွန်တော်သိပ်ချစ်ရဲတဲ့ကောင်မလေးနဲ့ ပြန်ဆုံရဖို့ကြိုးစားပါတော့တယ်။ သူဖေဖေ ရုံးသွားတယ် အိမ်မှာ
ကောင်မလေးတို့မိသားစု ကျန်နေခဲ့တယ် ကောင်မလေးမေမေကလဲ ဈေးသွားသုံးတယ်လေ အိမ်မှာ ညီမနှစ်ယောက် ကျန်နေခဲ့တယ် ဒါနဲ့ ကျွန်တော် ခြံဝန်းနားကပ်ပြီး အခြေနေကြည့်နေတယ် ကောင်မလေး ညီမနဲ့တွေ့တယ် ကောင်မလေး ညီမကလဲ ကျွန်တော်တို့ချစ်သူတွေ ဖြစ်နေတာဆိုတာ သိထားပြီးသားပါ။ တကယ်ဆို မကောင်းဘူးဗျာ (ကျွန်တော့်အိမ်အနားမှာသူရောက်လာတာ တစ်နှစ်ခန့်လောက်ရှိနေပြီ ကျွန်တော့်ကို အသိမပေးဘူး သူဒီတိုင်းနေနိုင်ခဲ့တယ် )နောက်ပိုင်းမှာတော့ ကျွန်တော် သူနဲ့မကြာမကြာတွေ့ဖို့ ကြိုးစားခဲ့တယ် ကြာလာတော့ မိဘတွေသိလာတယ် နှစ်ဘက်လုံး သဘောတူကြပါတယ် ကျွန်တော့်အိမ်ကိုလဲ ကောင်မလေးလာလည်ပါတယ် ကျွန်တော် သူ့ကိုအိမ်ပြန်မလွတ်ချင်တော့ဘူး အိမ်ချင်းကလဲ ကပ်နေတယ် လူကြီးတွေလဲသဘောတူပြီးသား သို့သော် ဘာကြောင့်လဲမသိဘူး ကောင်မလေးကို အိပ်ပြန်မလွတ်ချင်တော့ဘူးပေါ့….ကျွန်တော်နားက ထွက်ခွားသွားမှာ အပြီးပျောက်ကွယ်သွားမှာကိုကြောက်နေလို့ပါပဲ ..အဲလိုနဲ့ အဲလိုနဲ့ ကျွန်တော် အိပ်ရာက နိုးထချိန်ဖြစ်မယ်ထင်တယ် အသိစိတ်တစ်ခုပေါ်လာတယ် ဖုန်နံပါတ်တစ်ခုပါ သူ့ဖုန်းနံပါတ်က(------)ပါ လက်ရှိသူရှိနေတဲ့အရပ်က(-------)ဖုန်းနံပါတ်ကုတ်တွေလဲမတူဘူးလေ ဒါတစ်ခုခုလွဲမှားနေတာဆိုတာ ကျွန်တော်သိလိုက်ချိန်မှာ အိပ်ရာက နိုးထလာပါပြီ ကျွန်တော်အိပ်မက်မက်နေခဲ့တာပါပဲ…တကယ်ပဲ ကျွန်တော်အနားမှာ သူမရှိဘူး မိုင်းချီဝေးတဲ့နေရာမှာ ကောင်မလေးတကယ်ရှိနေခဲ့တာပါပဲ။ ဝေးနေရမှာကြောကလို့ ဝေးနေရတာလား အနာမှတဖ၀ါးမှ မခွာရှိနေချင်ခဲ့လို့လား….အိမ်မက်ဟာ အိမ်မက်တိုင်းပဲ နံနက်မိုးလင်းချိန်မှာ တကယ်မဟုတ်မှန်းသိခဲ့ရတယ် မကြာပါဘူး ကျွန်တော်လည်း ဆိုင်ဖွင့်ဖို့အတွက် အိပ်ရာမှထပြီး နေ့စဉ်လုပ်စဉ်အတိုင်းလုပ်ရင်း အလုပ်မှာ လုပ်နေခဲ့ရပါပြီ။ ဒီအိပ်မက်ညဟာ ကျွန်တော့်အတွေးတွေကို ဒီလောက်နဲ့တင်ရပ်တန့်စေမှာမဟုတ်ပါဘူး။

0

Virus အသစ်

Saturday, 21 May 2011

ညစဉ် ညစဉ် ကျွန်တော့်ရဲ့စိတ် အတွေးထဲက အလွမ်းတွေကို virus လို့အမည်ပေးလိုက်မိတယ်ဗျာ။ အလွမ်း virus ကိုသက်ဖို့အတွက် အဲဒီ Software က ကျွန်တော်နဲ့ မိုင်ချီဝေးတဲ့ နေရာမှာ ရောက်နေပြီ။ ခုချိန်မှာ Search Engine တွေဟာ အသုံးမတဲ့ပြန်ပါလား။ အားလပ်ချိန်လေးတွေ တွေးမိတိုင်း အလွမ်းဆိုတဲ့ ခေါင်းစဉ်ကို ဦးတည်နေတော့တာပါပဲ ကျွန်တော်ပျံသန်းနေပါတယ် သူရှိတဲ့အရပ်ကိုလေ… မုန်တိုင်းနဲ့ ပင်လယ်တွေ ဖြတ်သန်းနေရတဲ့အတွက် အချိန်တွေကြာမြင့်နေခဲ့ရပါတယ်။ အဲဒီအလွမ်း Virus သေဖို့ဆိုတာကျွန်တော်ရင်ခွင်မှာ ချစ်သူရှိနေဖို့ပါပဲ။ ရင်ချိန် အတူလျောက်ခဲ့ဘူးတဲ့ လမ်းတွေနဲ့ ပြောခဲ့တဲ့စကားတွေ သူမေ့များနေမလား ဆိုတဲ့ အတွေကလည်း စိတ်မှာ တစ်ချက်တစ်ချက် ၀င်ဆောင့်နေသေးရဲ့။ ကျွန်တော့်တောင်ပံတွေမှာ အလွမ်း ဗိုင်းရပ်စ် ကိုက်ခံထားရလို့ အားအင်တွေ မကြာမကြာမှေးမှိန်တက်တယ် ဒါပေမဲ့လည်း ရှိတဲ့အားတွေနဲ့ ထက်ပြီး ပြန်သန်းနေရတယ် ခရီးတစ်ခုရောက်ရင်တော့ အနာဂတ်အတွက် အားတွေဟာ အတိုင်းဆမဲ့ ပြန်ပြည့်လာလိမ့်မယ်ဆိုတာ ကိုယ့်ကိုယုံကြည့်တယ်။ သတိရမှုတွေထဲက တစ်ခုက သက္ကသိုလ်စာမေးပွဲဖြေခါနီးချိန်ပေါ့ ကျွန်တော်စာကျက်ပျင်းလို့ဆိုပြီးလေ သူဘေးက ကျွန်တော့် Subject တွေကို ရွက်ဆိုပြတက်တယ် သူကကျွန်တော့်ထက်အတန်းကြီးတယ် မာစတာတန်းပြီးမဲ့အချိန်ပေါ့။ သတိရစရာအစိတ်အပိုင်းတွေက များလွန်းလှပါတယ် ဒါပေမဲ့ သူနဲ့ အချိန်ကြာ နှစ်တွေကြာဝေးရမဲ့ ညတစ်ညမှတော့ သူပြောခဲ့တဲ့စကားလေးတစ်ခွန်း "နင်က ငါ့ကိုအရမ်းချစ်တာပဲ ငါ့အဖေလောက်ကိုချစ်တယ်နော်"တဲ့ ကျွန်တော်အရမ်းချစ်မှန်းသူသိပါတယ် ဘာကြောင့်အဲလောက်ကြာဝေးနေရတာလဲ စကားတစ်ခွန်းကြားယောင်မိတယ် အချစ်စစ်တို့မည်သည် ခက်ခဲတက်တယ်ဆိုလားဗျာ တော်တော်ကိုပေါင်းစပ်ဖို့ခက်ခဲပါတယ် မပေါင်းစပ်ရမှာကိုပဲ ကြောက်နေမိတယ်၊ ခုဆိုရင် မကြာမကြာတွေးမိတယ် လွမ်းမိတယ်ပေါ့ဗျာ ဒါကြောင့် ကောင်မလေး အလွမ်း virus ကို မင်းသက်မှဖြစ်တော့မယ်နော်….ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..:D

0

ကောင်လေးနဲ့ ကောင်းမလေး

Wednesday, 11 May 2011

မိုး မသဲ ပေမဲ့ မိုး မစဲသေးပါဘူး ညကမှောင်မှိုက်လို့ ဆိုင်လေးတစ်ခုအတွင်းမှာ အတူရှိနေခဲ့ကြတာပေါ့ "ကောင်လေး" စကားစပြောတယ် မင်း ကိုယ်နဲ့တစ်ခါတွေ့ပြီးကတည်းက ဘယ်ပျောက်သွားလဲ "ကောင်မလေး" ကပြန်ပြောတယ် မျက်နှာပူလို့ ထပ်မလာဖြစ်တာပါ မျက်နှာပူစရာက သူတို့နှစ်ယောက်ပဲသိမှာပါ "ကောင်လေး" က ငါမှာ မင်းကိုမျှော်နေခဲ့ရတာ ငါ့ရင်ခွင်ထဲမင်း အပြီးအပိုင်များထွက်သွားလား အတွေးတွေနဲ့ သတိရနေခဲ့ရတယ်... မိုးက သူတို့ ဆိုင်ထဲမှာရှိနေချိန်မှာပဲ ပိုလို့သာရွာလာပြန်တယ်။ "ကောင်မလေး" က သူ့ချစ်သူ ကောင်လေး ပခုံးမှာ ခေါင်းလေးမှီလို့ပေါ့ အတွေးတွေနဲ့ နှစ်ယောက်သား စကားမဆက်ဖြစ်ပဲ ခဏလောက် ငြိမ်နေခဲ့ကြတယ်။ ညက တစ်ဖြေးဖြေးနဲ့ မှောင်လာပြန်တယ် သူတို့တွေ စားသောက်ပြီး ဆိုင်အပြင်ကို ကြည့်လိုက်တော့ မိုးစက်တွေ မရှိတော့ဘူး "ကောင်းလေး" က ပြန်ရအောင် ဆိုပြီး သူ့ဘေးက ချစ်သူကိုပြောလိုက်တယ် .. ဒီလိုနဲ့ ချစ်သူနှစ်ယောက် ဆိုင်အပြင်ထွက်လာကြတယ် အိမ်မပြန်ဖြစ်ကြသေးပါဘူး သူတို့ ကြည်နူးစရာ နေရာလေးတစ်ခုကို ရွေးချယ်ပြီး ခဏအချိန်ဖြုန်းလိုက်တယ် "ကောင်လေး" က ကောင်မလေး ပါးပြင်ကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် ချစ်သူနှစ်ဦးမှာ ရင်ခုန်သံတွေ ပူနွေးလာကြပြီလေ .. တစ်ယောက်ကို တစ်ယောက်
ညင်သာစွာ ပွေ့ဖက်ထားပြီး အချိန်ကို ကုန်လွန်စေခဲ့တယ်။ ကောင်လေး ရင်ထဲမှာ အဓိပ္ပါယ်မျိုးစုံ ပုံဖော်ကြည့်နေသည်။ ဘာကြောင့်လည်းဆို ကောင်လေးက သူ့ချစ်သူ ဟာ ငါပိုင်ရမဲ့ ချစ်သူမဟုတ်ဘူး အသိနဲ့ပါပဲ။ ဒီလိုပါ ကောင်မလေးက အိမ်ထောင်ရှိခဲ့ဘူးတာကို သူ့ကို မပြောပြခဲ့ဘူး ကောင်လေး သိလိုက်ရချိန်ဟာ မကြာသေးပါဘူး ကောင်မလေးကိုလဲ သူသိတာ မပြောပြခဲ့မိဘူးလေ ဒါဆို သူ့ခေါင်းထဲမှာ အတွေးများစွာနဲ့ပေါ့။ နံနက် (၉)နာရီထိုးမှာ ကောင်မလေး ကောင်လေးဆီကို ရောက်လာပါတယ် ...နောက်ပိုင်း ချစ်သူနှစ်ဦး ဘာဆက်ဖြစ်သွားကြလဲ....??? ရှေ့ဆက်ဖို့အတွက် အားအင်ပြည့်တဲ့ ခြေလှမ်းတွေ လှမ်းနေလား ...?