Pages

Showing posts with label ကျွန်တော်အကြောင်း. Show all posts
Showing posts with label ကျွန်တော်အကြောင်း. Show all posts
0

ကြေကွဲအခန်း

Saturday, 11 June 2011

ဖုန်းထဲက အသံဆုံးသွားချိန်မှာ ကျွန်တော်မျက်ရည်တွေဝဲနေမိတယ် ၀မ်းနည်းလို့ဖြစ်သလို မကျေနပ်မှုတွေကြောင့်လဲဖြစ်နိုင်ပါတယ် ဒီနေ့ ဖေဖေ့ဆီက ဖုန်းလာတယ်လေ သားနေကောင်းရဲ့လား သားအမေပြောနေတယ် ဖုန်းမဆက်လို့တဲ့လေ မင်းအဆင်မှပြေရဲ့လား မင်းအမေလဲ နေတော့ကောင်းပါတယ်ကွာ ဒါပေမဲ့ လက်ပြင်အောင့်နေတယ် ခြေဖျားလေးတွေမှာ ကြင်သလိုဖြစ်နေတယ်တဲ့ အဖေ ဆေးခန်းသွားဖို့ပြောတော့ ရတယ် မသွားဘူး သက်သာမှာပါဆိုပြီးနေတယ်။ဖေဖေ အဲလိုပြောပြီးချိန်မှာ ကျွန်တော် အရမ်းဝမ်းနေနေ ပြီ။ နောက်ထပ် ဖေဖေထပ်ပြောတယ် မမ တို့ လင်မယားအကြောင်းပါ ကျွန်တော့်မိဘတွေဟာ (လျော်ဖြူတောဆိုတဲ့ ရွာတစ်ရွာမှာ နှစ်စဉ် ၀တ်ဆောက်တည် တဲ့ သံဃာတော်များကို အလူလုပ်ပါတယ်) အဲဒီနေ့မှာပဲ ကျွန်တော့် မမ အိမ်စောင့်နေခဲ့တယ် ပြီးတော့ ဖေဖေ နဲ့မေမေ ပြန်လာတော့ စာတစ်စောင်ထားခဲ့တယ် မမ သူ့သမီးနဲ့အတူ သူ့အမျိုးသားရှိတဲ့ အရပ်ကိုပြန်သွားပြီဆိုတဲ့အကြောင်းပေါ့ သူ့အမျိုးသားဟာ မေမေတို့အိမ်ကနေထွက်သားတာ (3)လကျော်ရှိနေပြီ သူ့အိမ်ပြန်ပြီး ငွေရှာသွားတယ်လို့သိရတယ် အဲလိုနဲ့ ခုချိန်ထိ ပြန်မလာဘူး။ဖြစ်ပုံက မပြေလည်မူတွေကြောင့်ပါပဲ အဲလိုနဲ့ မမ လည်း မိဘတွေကို ဖွင့်မပြောပဲ အဲဒီအလူနေ့မှာပဲ စာချန်ခဲ့ပြီး အိမ်ကထွက် သွားခဲ့ပါတယ်။ မေမေ့မှာ သူ့မြည်မက အရမ်းချစ်တာလေ အခုဆိုမနေတက်ဘူးပေါ့။ လက်ရှိအိမ်မှာ ဖေဖေနဲ့ မေမေ နှစ်ယောက်ပဲရှိတော့တယ် ကျန်တာကတော့ အလုပ်သမားတွေရှိတာပေါ့။ ကျွန်တော်က လဲ မိုင်ချီဝေးတဲ့ တစ်နေရာမှာ ဘ၀တက်လမ်းအတွက် ထွက်ခွာခဲ့တာကြာပြီ အဝေးကနေ ဒီလိုအဖြစ်ပျက်တွေကြားရတော့ ကျွန်တော့် မျက်ရည်တွေက ဘယ်နေပါတော့မလဲ မြေခရတော့တာပေါ့။ ပထမ တွေးမိလိုက် တာက ငါအိမ်ပဲပြန်နေတော့မယ်အတွေးတစ်ခုပါပဲ မိဘတွေကို အချိန်ကြာပစ်မထားချင်တဲ့စိတ်ပါပဲ သို့သော် လက်ရှိ ကျွန်တော်ရှင်သန် ကြိုး စားနေခြင်းက ကျွန်တော့်မိဘတွေအတွက် ဦးစွာပထမပါပဲ။ ခုချိန်ထိ ဖြစ်သင့်သလောက်ဖြစ်မလာသေးပါဘူး။ လောင်းရိပ်မိတဲ့နေရာကို ရောက်နေသလားခံစားမိတယ်ဗျာ။ ကျွန်တော်တို့ မိသားစု အသိုက်မြုံလေး အဲလိုကွဲနေရတာတွေဟာ ဘာကြောင့်လဲ။ မမ တို့မိသားစုကလည်း တစ်မျိုးပါပဲ။ ယောက်ဖ လို့မသက်မှတ်ပါဘူး ညီကိုလိုပါပဲ မမ အမျိုးသားဟာ အလုပ်ကိုင် မယ်မယ်ရရမရှိ ငွေရှာခြင်းမရှိ သူ့အိမ်သူပြန်နေပြီဆို တော့ မေမေနဲ့ ဖေဖေက ဘယ်ကြည်ဖြူနိုင်ပါ့မလဲ အိမ်မှာနေ အိမ်လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်ပြီးနေခွင့်ပေးထားတယ် အဲလိုလဲမလုပ် အပြင်မှ လုပ်ပြီး လဲငွေမရှာတော့ ဝေးပြီးရင်းဝေးနေရတော့တာပဲ။ အခုဆိုရင် မေမေနဲ့ ဖေဖေ နှစ်ယောက်တည်းပါလား အတွေးက ကျွန်တော့်ကို လှမ်း ခေါ်နေတာပါပဲ။ ကျွန်တော် သင်္ကြန်ရှေ့က အိမ်ခဏပြန်ဖြစ်ပါတယ် ဖေဖေနဲ့မေမေကို ကျွန်တော့်စိတ်ကူး ပြောပြလိုက်ခဲ့တယ် အဲဒါက ကျွန်တော်နဲ့အတူ
မေမေတို့လာနေပါလား အပြီးပိုင် လာနေဖို့ပါပဲ လက်ရှိ ရှိနေတဲ့ အရာတွေကို ရောင်းချခဲ့လိုက် ကျွန်တော်ရှိတဲ့အရပ်မှာ အခြေချမယ် ရောင်းချပြီး ရလာတဲ့ ငွေတစ်ချို့ကို အိပ်နဲ့ဝိုင်းအသင့်သင့်ဝယ်ပြီးနေ ဘာမှမလုပ်ပါနဲ့တော့ ကျန်ငွေတစ်ချို့ကို ဘဏ်မှာအပ်ထားပြီး ဘဏ်တိုးလေးနဲ့ စားပေါ့ ကျွန်တော်က ဆက်ပြီးကြိုးစားမယ် ငွေရှာမယ်ပေါ့ မမ တို့ မိသားစုပါ အတူလိုက်နေမယ်ဆိုလဲ ရပါတယ် ဒါပေမဲ့ ဒီခေတ်မှာ အိမ်မှာထိုင်နေလို့ တော့မရဘူးပေါ့ မမ လဲ အလုပ်လုပ် ရွှေယောက်ဖလည်း အလုပ်လုပ် ဒီလိုနဲ့ တိုးတက်ရေးလမ်းကြောင်းကိုလျှောက်မယ် ဆိုတဲ့စိတ်ကူးပါပဲ။ ဆိုလိုတာက မေမေရဲ့ ချက်မြုပ်ဒေသလေးက အပြီးပိုင်ခွဲခွာစေလိုတာမဟုတ်ပါဘူး အိမ်တွေဝိုင်းတွေ တစ်ချိုချန်ထားခဲ့ပေါ့ အဲလိုပါ။ ဖေဖေက တော့ အဲလိုလုပ်ချင်တယ် ကျွန်တော့်စိတ်ကူးကို သဘောကျပါတယ် မေမေကတော့ အင်းမလုပ်အဲမလုပ်ပါပဲ ကျွန်တော့်စိတ်ကူးကိုလဲ မငြင်းရက်၊မစွန့်ခွာရက်ဖြစ်နေရှာတယ်လေ ကျွန်တော့်အတွက် အဝေးတစ်နေရာကနေ လွမ်းစိတ် ပူပင်စိတ်တွေနဲ့ပေါ့ ထိုနည်းတူ မိဘတွေမှာလဲ အဲထက်ပိုမှာပါ။ ကျွန်တော် သတိရတယ်ဗျာ အရင်ချိန်တွေကို မောင်နှစ်မနှစ်ယောက် ဖေဖေရယ် မေမေရယ် မိသားစုလေးယောက် နွေးထွေးခဲ့တယ် မမ က ဟင်းချက်ကောင်းတယ် ပြီးတော့ မုန်းအမျိုးမျိုး ကျွန်တ်ာတို့ကို လုပ်ကျွေးတယ် မေမေကလဲ အိမ်အလုပ်လုပ်ရင် ဆန်စက်ဘက်မှာလဲ ဦးစီးတယ် ဖေဖေကတော့ အစုံပေါ့ ကျွန်တော် ရှိစဉ်က ဆန်စက်ကို ကျွန်တော့်ဦးစီးလုပ်ကိုင်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာ ဆန်စက်တွေဟာ ပေါများလာသည့်အတွက် အရင်လောက်တော့ အဆင်ပြေချင်း မရှိတော့ဘူးပေါ့။ နောက် တစ်ခုက ကျွန်တော်တို့ စိတ်ကူးထားတဲ့အိပ်လေး ပါပဲ အိပ်ခန်းငါးခန်းပါတဲ့အိမ်လေး ဆောက်ဖို့ပါပဲ တစ်ဝက်လောက်ပြီးသွားပါပြီ ပုံစံကတော့ တစ်ထပ်တိုက်ပုလေးပါ အရှေ့မှာပန်းခြံလုပ်မယ် ခြံဝန်းကကျယ်တယ်။တစ်ထပ်တိုက်ကို ခေါင်ပေါ်မှာ ၀ရံတာလုပ်မယ် အပန်းဖြေဖို့ခံလှလှလေး တွေနဲ့ အမိုးထက်လုပ်မယ် ၀ရံတာတက်ဖို့အတွက် လိုင်ကောက်ကွေးလှေကားထစ်လေးတွေနဲ့ပေါ့။အဲဒါတွေလဲ အားလုံးရပ်တန့်သွားခဲ့တယ် ဘာကြောင့်လဲဆိ ကျွန်တော်ကလဲ ကျောင်းပြီးကတည်းက အဝေးတစ်နေရာရောက်နေခဲ့တယ် ဘ၀အတွက် စာထွက်သင်တာပါပဲ ဘ၀စားဝတ်နေရေးအတွက် ကိုယ်ကိုတိုင် ထူထောင်ချင်စိတ်ရယ် ပညာသင်မယ် ငွေရှာမယ်ပေါ့ အဲလိုထွက်သွားခဲ့တယ်။ မမ က အိမ်ထောင်ကျသွားတယ် အဲလိုနဲ့ ကျွန်တော် အိမ်လေးကို ဖေဖေနဲ့ မေမေ ဆက်ပြီးတော့မဆောက်ပဲ ရပ်ထားခဲ့ကြတယ် သားသမီးတွေ အဝေးရောက်ကုန်ပြီ သူ့နေရာနဲ့သူ အခြေချ အိမ်ထောင်ကျမှာပဲ အတွေးကြောင့်ပါပဲ တကယ်တော့ အဲလိုမဟုတ်ပါဘူး ကျွန်တော် အဲအိမ်လေးကို ဆက်ဆောက်မယ် မိသားစုတွေ ပြန်ဆုံရာ စံအိမ်လေးပေါ့။ ယခုချိန်မှာ ကျွန်တော့မိဘ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်တော့ ကျွန်တော် သေသင့်ပါပြီ ကျွန်တော်သားမိုက်ဖြစ်ရပြီလား။ အချိန်နဲ့တပြေးညီ ကြိုးစားပြီး မိဘတွေနဲ့ သိုက်သိုက်ဝန်းဝန်နေဖို့ ကျွန်တော်ကြိုးစားရတော့မယ် သို့မဟုတ် ကျွန်တော်ရှိတဲ့ အရပ်မှာ ခေါ်ထားလိုက်တော့မယ်။ ညဆိုရင် တစ်ယောက်တည်း ကျွန်တော်ကြေကွဲ အခန်းငယ်ထဲမှာပေါ့ အဲလိုညတွေ ကုန်ဆုံးပါစေတော့။ ဖေဖေ နဲ့မေမေ နေကောင်း ကျန်းမာပါစေ။ အဝေးရောက်သား

0

coffee birthday

Wednesday, 3 February 2010


ဒီနေ့ သူငယ်ချင်းမွေးနေ့လေ ဒီနေ့ပဲ သူပြောလို့သိလိုက်တာ အွန်လိုင်းမှာ တွေ့ရင် ကော်ဖီ လိုက်တိုက်မယ်တဲ့ ဒါနဲ့ ချိန်းလိုက်တယ် ည 6.30 ဆုံမယ် ကျွန်တော့်ဆိုင်နားမှာပဲချိန်လိုက်တယ် သူတို့တွေရောက်လာပါတယ် ဆိုင်ကယ် တစ်စီး ကောင်မလေးနှစ်ယောက် ကျွန်တော့်ကိုလိုက်ခဲ့လို့မှာခဲ့တယ် fri အိမ်သွားခေါ်မယ်ပေါ့ ကျွန်တော်မကြာပါဘူး သူတို့နောက်က ဆိုင်ကယ်နဲ့လိုက်သွားလိုက်တယ် သူတို့က ကောင်မလေး သုံးယောက် ကျွန်တော်ကတော့ တစ်ယောက်ထဲပေါ့ စိုးရိမ်စရာ အချစ်ရွာ ကဖေးဆိုင်ကို ရောက်သွားကြတယ် ကျွန်တော်ကြိုက်တဲ့ နေရာလေးမှာ ထိုင်လိုက်တယ် အပေါ်ထပ် လမ်းမပေါ်ကို မြင်နေရတဲ့ ခုံလေး မှာထိုင်လိုက်တယ် တစ်ယောက်က ကြက်ဆီထမင်း တဲ့ နောက်တစ်ယောက်က မာလာထမင်းသုပ် ကျွန်တော်နဲ့ မွေးနေ့ရှင် ကတော့ ကော်ဖီ ပူပူ လေးတစ်ခွက်စီရယ် လက်ဘက်သုပ် မှာလိုက်တယ် စကားလုံးတွေဖောင်းပွနေလိုက်ကြတာ ပြီးတာနဲ့ နာမည်တွေမိတ်ဆက်ကြတယ် ( ............................................... ) အဲလိုနဲ့ပဲ ညလေးတစ်ည လှပခဲ့ပါတယ် စကားလုံးတွေ ဖောင်ဖွဲ့ပြီးနောက်သူတို့ဘက်က ပြောလာတယ် ဘုရားပေါ်သွားအောင်တဲ့ အဲဒါနဲ့ စားသောက်ပြီး အချစ်ရွာ ကဖေး ဆိုင်လေးမှ ထွက်ခွာခဲ့တယ် ညက ဘုးရားပေါ် မရောက်ခင် လမ်းမှာ မီးပျက်သွားတယ် ဘုရားရောက်တော့ ခဏနေပြီး ကော်ဖီသောက်ဖို့ ထပ်ပြီးစိတ်ကူးကြတယ် အဲဒါနဲ့ကော်ဖီ သောက်ကြတယ် မွေးနဲ့ရှင် နဲ့ ကျွန်တော်က အကြိုက်တူနေသဗျ ကော်ဖီ ခါးခါး လေး သောက်ကြတယ် မွေးနေ့ရှင်က .....?.... ပါ မွေးနေ့လက်ဆောင် အဲဒီည မပေးလိုက်ရပါဘူး ဒီနေ့တော့ ၀ယ်ထားလိုက်တယ် မပေးရသေးဘူး စာဖတ်သူသိချင်လား လက်ဆောင်ကကော်ဖီခွက်လေး တန်းဖိုးဖြတ်ရင်တော့ တန်ဖိုးနဲပါတယ် ဒါပေမဲ့ အမှတ်ရစေတာလေးကို ရွေးချယ်လိုက်တာပါ အခုပဲ မွေးနေ့ဆုတောင်းလိုက်ပါဦးမယ် ထုံးစံအတိုင်း "ယနေ့မှ နှစ်တစ်ရာ ပျော်ရွှင်ချမ်းမြေ့ပါစေ" 'D လိုနဲ့ ညလေးတစ်ည ကျွန်တော်အမှတ်တရ လဲဖြစ် ပျော်ရွင်ခဲ့ရပါတယ် ကျေးဇူးပါ မွေးနေ့ ရှင် ကော်ဖီခါးခါး လေးသောက်တိုင်း သတိရနေပါမယ် မွေးနေ့တိုင်းလဲ ဆုံစည်းပါရစေ အခုတော့ သူပျောက်နေတယ် အဆိုတော် ကိုချစ်ကောင်း သီချင်းလေးဆိုနေလိုက်တယ် "ကော်ဖီဆိုရင် ခါးခါး ကြိုက်မိတယ် :D