မင်းသိပါစေ အနမ်းနေ့ချိန်
နွေးထွေးနှုတ်ခမ်း မင်းအနမ်းနဲ့
ကြယ်တွေလှတဲ့ တို့ရဲ့ညချိန်
နှုတ်ခမ်းတစ်စုံ ချိုမြိန်ခဲ့လေပြီ...။
မျှော်လင့်ခြင်းနဲ့ တမ်းတနေ့ရက်
ငါ့ရင်ခွင်ထဲ မင်းရှိပါစေ...
အသံတွေတိတ် ညရဲ့အရိပ်
ကမ္ဘာသစ်သို့ လှမ်းခဲ့လေပြီ...။
မင်းသိပါစေ ငါ့အလွမ်းတွေ တစ်သီသီ
ပြန်လာခဲ့ပါ ငါ့ရင်ခွင်စီ...။
ဆုံတွေ့ခိုက်
Saturday, 5 March 2011
Posted in: ကဗျာ | 0 Comments | Email This
အတွေး စ
Saturday, 25 September 2010
ပြန်သွင်းမရတဲ့ သွားတိုက် ဆေးပမာ
အတွေးစ ကိုစွဲထုတ်မိပြီငါ
အတွေးရဲ့  နံပါတ်တစ် မျှော်လင့်ခြင်းကြောင့်ဖြစ်
လက်ရှိနဲ့ အနာဂတ် ကြားမှာ
ရှင်သန်နေတဲ့ မျှော်လင့်ခြင်း …..
ဝါးမျိုခံရတာ မျှော်လင့်ခြင်းလား
ေ၀၀ါးတဲ့ငါ့ စိတ်လား။
ရီဝေထုံထိုင်းတဲ့ ငါ့စိတ်
ရိုင်းရခြင်းက မှောင်လွန်းတဲ့ ညတွေကြောင့်ပါ
လမရှိတဲ့ညတွေ ကြယ်တစ်ပွင့်တော့
လင်းလတ်သင့်ပါတယ်လေ။
တစ်ကိုယ်နှစ်လမ်းသွားဆိုတာ ငါပါ
အတွေးတွေက တစ်လမ်း
အသိစိတ်နဲ့ ငါခန္ဓာက တစ်ဖက်လမ်းမှာ
လျှောက်လှမ်းရင်း မောပန်းလှပြီ….
နေ့မှာ လမရှိ ညမှာနေပျောက်
ကာရံတွေ မတောက်ပပေမဲ့
ခန်းခြောက်တဲ့ ငါ့ရင်ဘက်မှာ
အချစ်တစ်ခုတည်းနဲ့ လိုက်ဖတ်ညီချင်ပါတယ်…..။
Posted in: ကဗျာ | 0 Comments | Email This
ဝေးနေတဲ့ ကဗျာ
မင်းအတွက်ငါ ကဗျာတစ်ပုဒ်
နှလုံးသားနဲ့ ရေးစပ်ခဲ့တယ်
အဆုံးမရှိတဲ့ ငါကဗျာပေါ့ …..။
ထာဝရခရီး လက်တွဲပြီး
ကဗျာရှည်တစ်ပုဒ် ငါဖန်တီးလိုက်ချင်တယ်…။
ငါစိုးရိမ်တယ် ချစ်သူ
နီးရဲ့ နဲ့ ဆုံနိုင်မှု့ဝေး
ရင်ခုန်သံတွေနဲ့ ရေးချမိတာ
အိပ်မက် စာမျက်နှာ ဖြစ်နေမလားတွေး….။
ငါလိုချင်တာ ဝေးနေခြင်းမဟုတ်ဘူး
ရင်ခုန်သံခြင်း ဟန်ချက်ညီနေဖို့ပါ ချစ်သူ…။
ငါ့ကဗျာတွေ ကာရံချိုးဖောက်
သွေးပျက်လောက်တဲ့ စကားလုံးတွေနဲ့
မရေးချပါရစေနဲ့  ချစ်သူ …။
ချစ်နေရခြင်းမှာ ငါမုန်းနေတာ
အလွမ်းဆိုတဲ့ နေ့ရက်တွေပါ
Posted in: ကဗျာ | 0 Comments | Email This
ဟိုစဉ်ချိန်
Tuesday, 21 September 2010
Posted in: ကဗျာ | 0 Comments | Email This
မူရင်း
Saturday, 21 August 2010
Posted in: ကဗျာ | 0 Comments | Email This
အတွေးအပိုင်းအစ
Friday, 9 July 2010
Posted in: ကဗျာ | 0 Comments | Email This
သာစွဟန်လင်း
Sunday, 6 June 2010
Posted in: ကဗျာ | 0 Comments | Email This
မင်းအသံလေပြေ
Friday, 28 May 2010
Posted in: ကဗျာ | 0 Comments | Email This
ဘအပေါင်းဝ
Friday, 9 April 2010
Posted in: ကဗျာ | 0 Comments | Email This
ကာလာမဲ့ ကဗျာ
Thursday, 1 April 2010
ငါ့မျှော်လင့်ချက် ငါလှမ်းခဲ့ပေမဲ့
အိပ်မက်မဟုတ် ဟုတ်ခဲ့ဘူးလည်း
Posted in: ကဗျာ | 0 Comments | Email This
စာမျက်နှာ
Friday, 5 February 2010
ညလေးတစ်ည မှောင်မိုက်ခြင်းနဲ့
ကြယ်တွေကို ခံစားခဲ့တယ်
အပြုံးရီသံ ရင်ခုန်မမှန် ….
တဒင်္ဂတွေ အစဉ်တည်စေ
အမြဲမျှော်လင့် ရှင်သန်စေလေ
မထင်မှတ်မှ ရင်ခုန်ချက်တစ်ခု
ထာဝရတစ်ခုဖြစ်စေခဲ့ပြီ
မင်းမသိစေ ငါ့ရင်ခုန်သံ
အသိစိတ်ဆိုး မင်းစိတ်ငြှိးမှာ
မမြင်လိုပေ ..
ကြင်နာပါရစေ ငါ့ကိုတိုးတိတ်
ခွင့်ပြုပေးပါ
တိုးတိုးလေးချစ် အနှစ်တစ်ခု မင်းသိပါစေ …
ခါးသက်သက်လေး ပူပူနွေးနွေး
အတူခုံမင် အဲဒီနေ့ရက်
နောက်နှစ်တရာ ပျော်ရွင်ပါစေ
ရင်ခုန်ခြင်းည အိပ်စက်ခဲ့ရပါပြီ ….
Posted in: ကဗျာ | 0 Comments | Email This
ခြေထောက်တစ်စုံ
ခြေထောက်တစ်စုံ
ခြေထောက်နှစ်ချောင်း ရပ်တည်ခြင်းက
လောကတစ်ခု စိန်ခေါ်ခြင်းနှင့်အမျှ
ထက်တူညီခဲ့၏ …။
ထိုသည်အရပ် သွားမည်ဆုံးဖြတ်
ယုံကြည်မဲ့ခြင်း ငါ့တွင်မရှိ
တစ်ခုတည်းသော ခံယူချက်ပဲရှိခဲ့၏
ငါသည် လုံ့လ ဇွဲနှင့် သည်းခံ
ခံစားသည်မြင် မြင်သည်ကိုမှတ်
လောကဇာတ်ခုံသွားလင့်နေအံ့
ဘယ်မည်ရပ်တန့် ငါလဲမသိခဲ့ပြီ
ရေအလျှင်သွားလင့်နေမည် ….။
ဆုံးမည့်အချိန်ငါအဘယ် သည့်မည်နည်း
နူးညံ့မှုလည်း ငါကြုံတွေ့မည် မုန်တိုင်းထန်လဲ
ငါဝင်တိုးမည် …ကြုံကြုံသမျှ
ငါဘ၀ အဟာရပေတည်း….။
Posted in: ကဗျာ | 0 Comments | Email This
ဝင်ရိုးစွန်းမှာ
Tuesday, 24 November 2009
..........၀င်ရိုးစွန်းမှာ.............
နင်ဟာငါ့ရဲ့ စကားလုံးတွေ
သီချင်းများကိုပြောင်မြောက်စေသူ....
နင်ဟာငါ့ရဲ့  မိုးစက်လေး
သက်တန့်  တွေရဲ့ မျက်ခုံးပေါ်ကကောင်မလေးတစ်ယောက်...
နင်သာငါ့ရဲ့ မီးတောက်
မီးဖိုလေးကိုနွေးစေခဲ့.........
နင်ဟာငါ့ရဲ့  မျိုးစေ့
ငါ့သစ်ပင်တို့  စိမ်းလန်းစွာ........
ငါ့ဝင်ရိုးစွန်းမှာ နင်ရှိတယ်
နင်ဟာငါ့ရဲ့  ကိုယ်ယောင်ပြသူ
အလင်းရောင်ထိုးတိုင်း လန့် လန့် နိုးတက်တဲ့အိမ်မက်
နင်ဟာငါ့ လူလိမ်
အရှံးထဲကငါ့ဘ၀ကို အဖက်ဆယ်ဖို့  ကြိုးစားခဲ့တဲ့တဲ့လူလိမ်..
ဝေးလိုက်ကြပါအုံးစို့ 
နူတ်ဆက်လို့  ပြန်တွေ့ ကြတဲ့အခါ....................
ကောင်းဇော် (ရန်ကုန်)
Posted in: ကဗျာ | 0 Comments | Email This
ရူးနေတဲ့ကဗျာ
.....ရူးနေတဲ့ကဗျာ......
ခလုတ်တိုက် မိသွားလား?
ငါမပိုင်တဲ့ကျောက်ခဲလေးရယ်...
အလွမ်းမိုးမိသွားလား?
.
ငါမနိုင်တဲ့သက်ရှိလေးရယ်....
ဝါဂွမ်းတစ်စလို မထိရက်မကိုင်ရက်နဲ့
ငါ့လက်က မီးတွေကူးမှာစီုးတယ်.....
ကဲ..... ပြဇတ်လိုပဲမှက်ကြပါစို့ 
မိက်ကပ်လူး ကာချယ်အဖွေးသားနဲ့ 
ရုးနေတဲ့ကဗျာ တစ်ထောင့်တစ်ညစာ
ဆက်ရေးကြပါအုံးစို့ ။
ကောင်းဇော်..
Posted in: ကဗျာ | 0 Comments | Email This
ဘ၀တစ်ကွေ့
Monday, 12 October 2009
ဆုံးဖြတ်ချက်တွေနဲ့ … မှားယွင်းမှုတွေကိုခွာချ …
ငါ့ဘ၀ရည်မှန်းချက်တွေကို ခြေလှမ်းစခဲ့တယ်….
ဘယ်လိုပဲစ နေမ၀င်တဲ့ညဆိုဒါမရှိခဲ့ပါဘူး..။
တမ်းတလွမ်းဆွေးခြင်းနဲ့ ကျေကွဲခြင်းတွေကလဲ
နေစဉ်မပျက်ငါ့ရင်ဘက်ပေါ်ရောက်ရှိခဲ့တယ်လေ..
ခန်းနားလှတဲ့ အတိတ်ဆိုးကြီးကပေါ့…။
လှောင်ပိတ်အခန်းထဲ ငါခံစာခဲ့ရတာတွေလဲများနေပါပြီ
မင်း မဲ့ ငါ့နေရက်တွေလဲအချိန် ကြာမြင့်
ငါလဲရင်ကြပ်သင့်ပါပြီနော် ….။
မျှော်လင့်ခြင်းကွင်းပြင် ငါ့ရင်ဘက်မှာအဖတ်မတင်ချင်ဘူး
ရည်ရွယ်မှုကို လက်ကမ်း..လှမ်းလင့်ယူချင်မိပြီ
ငါ့အတွေးပေါ့ …။
ဝေးကွာခြင်းရဲ့ကြာမြင့်မှုနဲ့အတူ
မင်းစိတ်တွေက တိမ်တွေလိုပြယ်လွင့်
ထာဝရဝေးလွင့်ခြင်းတွေကို ဖန်းဆင်းလိုက်ပြီလား….
ဝဋ်ကြွေး ၊ အညစ်တေးတွေရှိနေတဲ့
လူတွေရဲ့တိုင်းထွာမှုတွေကိုလဲ
ငါမုန်းလိုက်မိပြီ “ကလေးရယ်"….
မင်းသိပါစေ ငါရှင်သန်နေခြင်းက “မင်း” ပါ…
Posted in: ကဗျာ | 0 Comments | Email This
လမ်းခွဲစကား
Sunday, 11 October 2009
လမ်းခွဲစကား..
လမ်းခွဲစကား အမြဲတမ်းကြား..
ငါ့ရင်ဘက်ကခံနိုင်ဦးမှာလား …
မင်းပဲစဉ်းစား အတိတ်စာမျက်နှာလှန်ထား..
ဒီသံယောဇဉ်ခိုင်မြဲပြီးသားလေ..
အတိတ်ကိုမေ့ခိုင်းမင်းကြောခိုင်းရင်
ငါ့ရဲ့အိပ်မက် အနာဂတ်လမ်း
မုန်းတိုင်းထဲမှ ပုရုပ်လုံးလေးပေါ့ကွာ ။
နင်ဟာ ငါ့အိပ်မက် မျှော်လင့်ချက်ပါ..
မင်းအတွက်ဆို အသက်ကိုစတေး
နောင်ဘ၀ကိုတောင်မငေးမိလိုက်ပါဘူး
ငါ့ချစ်သူရယ် ငါ့အချစ်မင်းသိရဲ့နဲ့
ဘာ့ကြောင့် ငြင်းချက်တွေပေးနေရတာလဲ…
Posted in: ကဗျာ | 0 Comments | Email This
ပြယ်လွင့်တက်သောလောက...
Saturday, 3 October 2009
တွေးကြည့်ဘယ်အရာခိုင်မြဲနေလို့လဲ…။
မျက်နှာဖုံးစွပ်အတုရောင်လောကနော်….
နေထိုင်သူတွေမျက်နှာဖုံစွပ်ထားခြင်းကလဲ
မထူးဆန်းလှပါဘူး…..
အပြုံးတု၊အချစ်တု ဆေးရောင်စုံလူသားတွေကလဲများသား….
ကဲ….ဘယ်လိုနေမလဲ..လောက ၊ ဘ၀မှာ
အချိန်တန် အိမ်ပြန်ကြရမှာပဲလေ…
မွေးခဲ့တယ်..သေခြင်းတရားဆီသို့…
ဟုတ်တယ်နော်…
ဘယ်လိုပုံစံနဲ့ ပြယ်လွင့်သွားကြမလဲ…
မျက်နှာဖုံးတွေချွတ် တွေးကြည့်ကြရအောင်ဗျာ…..။
Posted in: ကဗျာ | 0 Comments | Email This