ကျောင်းသားနဲ့ စစ်တပ်
Monday, 14 February 2011
တပ်ကြပ်ကြီးက ဓားနဲ့ထိုးလိုက်တာ ကျောင်းသားလေး ဗိုက်ပွင့်ပြီး
အူတွေထွက်ကာ ဆေးရုံေ၇ာက်လာပါတယ်။ဆေးရုံရောက်လာတဲ့ ကျောင်းသားလေးကို
နယ်မြေအပိုင်အမှတ်(၃)ရဲစခန်းမှ ဒုရဲအုပ်က ဆေးရုံရဲ့
အကြောင်းကြားပေးမှုကြောင့်ရောက်လာပြီး စစ်တပ်က လူနဲ့ဖြစ်မှန်းလဲသိရော
ကောင်လေးရဲ့ အဒေါ်ကို (ကောင်လေးကမိဘနှစ်ပါးမရှိပါ)
အမှုဖွင့်ချင်ဖွင့်..မဖွင့်လို့လဲရတယ်..ဖွင့်ချင်ရင်တော့ မနက်ကျမှ
တရားလိုပါခေါ်ခဲပါဆိုပြီး အမှုဖွင့်ခ သုံးသောင်းပေးရမယ်လို့ပါပြောပါတယ်..
အူတွေ ဗိုက်ထဲက ထွက်ကျနေတာတောင်မှ
အမှုမဖွင့်လည်းရတယ်လို့ပြောတာရယ်..တရားလို နစ်နာသူကိုတောင်
ပိုက်ဆံတောင်းရက်တဲ့ ဒုရဲအုပ်ဟာ ဘယ်လိုလူပါလဲ..?????????
အဲ့ကောင်လေးက ကောလိပ်ကျောင်းသားမှန်းလည်းသိရော ဒုရဲအုပ်ဟာ ချက်ချင်းပဲ
ဆေးရုံကလစ်ပါတော့တယ်..နောက်ထပ် ကျောင်းသားအုပ်စုတွေဆေးရုံကို
တဖွဲဖွဲရောက်လာတာကို ...အခု ပဲခူးမှာ ကျောင်းသားတွေက
အဲ့ကိစ္စကိုလုံးဝမကျေနပ်ကြဘူး။
ပဲခူးဟာ ပထမ လူငယ်နှစ်ယောက် စစ်တပ်က ပစ်သတ်ကတည်းက ပေါက်ကွဲချင်နေတဲံမြို့
အခု ကျောင်းသားတွေဘက်က ကျောင်းအုပ်ဆ၇ာကြီးနဲံ တစ်မြို့လုံးက
မခံနိုင်ဖြစ်နေကြတယ် ။
By : Facebook
Posted in: သတင်း | 0 Comments | Email This
ရတနာပုံတယ်လီပို့ အကြောင်း
Sunday, 19 December 2010
ရတနာပုံတယ်လီပို့ အကြောင်း
မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်…။
ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။ တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။
ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့ မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ…။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ…။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့…။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်…၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။
လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့… ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်…။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ…။
နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။ ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။
အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။
ရတနာပုံ Virus
ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ…။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး … တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်…By:myanmargazette
Posted in: သတင်း | 0 Comments | Email This
MCPA EXAM
Thursday, 16 December 2010
MCPA EXAM
မြန်မာနိုင်ငံပညာရှင်အသင်းရဲ့ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ်
အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ ကျောင်းသားများ၊ အိုင်တီ
လောကသို့ စတင်ဝင်ရောက်ရန် ကြိုးစားနေသူများ၊ MCPA အသင်းဝင်များ၏
အရည်အချင်းကို မှတ်ကျောက်တင် အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော
စာမေးပွဲများဖြစ်ပါသည်။
သတင်းအချက်လက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူးပြီး
အသင်းအသိမှတ်ပြုစာမေးပွဲများကို ကျင်းပလျှက်ရှိပါသည်။
2010 ပြည်နှစ်အတွက် ဒီဇင်ဘာလ စာမေးပွဲများကို အောက်ဖော်ပြပါ
အစီအစဉ်အတိုင်း ကျင်းပစစ်ဆေးမည်ဖြစ်သည်။
ကျင်းပမည့်နေ့ - December , 19, Sunday
ကျင်းပမည့်အချိန် - နံနက် (9:00) နာရီ မှ (12:00) နာရီ
စာမေးပွဲအမျိုးအစား
1.MCPA Certified Fundamental Software (FSE)
2.MCPA Certified Network Associate (NA)
စာမေးပွဲကြေး (5000)ကျပ် (MCPA အသင်းဝင်ဖြစ်ပါက 10% Discount)
ဖြေဆိုမည့်နေရာ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (SHAN) ဗိုလ်ချူပ်အောင်ဆန်း နှင့်
တောင်ကျောင်းလမ်းတောင့်၊ မြို့မရပ်ကွက်။(စာမေးပွဲကို မည်သူမဆို
ဝင်ရောက်ဖြေဆိုနိုင်ပါသည်)
Posted in: သတင်း | 0 Comments | Email This
နိုင်ငံတကာအသိမှတ်ပြု (ITPEC)စာမေးပွဲ
Thursday, 14 October 2010
စာမေးပွဲကို 2010 ခုနှစ် အောက်တိုဘာလ (31) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် တစ်ပြိုင်တည်း တချိန်တည်း ကျင်းပဖြေဆိုမည်။ တောင်ကြီးမြို့တွင် တတိယအကြိမ်ကျင်းပသော စာမေးပွဲဖြစ်သည်။
Posted in: သတင်း | 0 Comments | Email This
မန္တလေးမှာ မိုးများပြီး ရေဘေး
Thursday, 7 October 2010
Posted in: သတင်း | 0 Comments | Email This
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ဖွင့်ပွဲ့ (တောင်ကြီးမြို့)
Saturday, 21 August 2010
Posted in: သတင်း | 0 Comments | Email This
အေးစေတီကျောင်းဘုရားထီးတင်ပွဲ
Friday, 29 January 2010
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ရေအေးကွင်ရပ် အေးစေတီဘုန်းကြီးကျောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလူပွဲနှင့် ဘုရားထီးတင်ပွဲဖြစ်ပါတယ် လူဒါန်းမှုတွေဟာ အံ့မခန်းပါပဲ ကြည်ညိုသဒ္ဒါတရားပွားများ နိုင်ကြပါစေ...ပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်ဗျာ...
Posted in: သတင်း | 0 Comments | Email This
ရှမ်းနှစ်သစ်ကူး (2009 - ဓါတ်ပုံ)
Monday, 16 November 2009
(2009-11.16)
ရှမ်းနှစ်သစ်ကူပွဲမှပုံတွေပါ..ကျတော့်ဘလော့မှာ တိုင်းရင်းသားပွဲတော်ပုံတင်ထားပေးရခြင်းက တိုင်းရင်သားတွေရဲ့
ရိုးရာကိုလူတိုင်းသိအောင်ဖော်ပြပေးထားခြင်းဖြစ်ပါတယ်..အခုရှမ်းနှစ်သစ်ကူပွဲပုံတွေကြည့်လိုက်ပါဦး
နှစ်သစ်ကူးပွဲတော်ဆိုသည်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိချင်းပင်ဖြစ်သည်။
နတ်တော်လတွင် ရှမ်းလူမျိုးတို့၏ နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိုးများသည် သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်းလျက်ရှိသည်။
ရှမ်းနှစ်သစ်ကူးပွဲတော် သမိုင်းအရ သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄) တွင် ရှမ်းလူမျိုးများသည် "မူအန်မောဝ်"
တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာတင်သောနှစ်လဲဖြစ်သည်။ သောဏမထေရ်သည်
ရှမ်းဒေသသို့ သာသနာပြုကြွရောက်တော်မူခဲပြီး မဇ္ဈန္တိကမထေရ်က တရုတ်ပြည်တွင် သာသနာပြုကြွတော်မူသည်။
မိန်းဆည်ဘုရင်၏ သားတော်အိမ်ရှေ့မင်းသား ခွန်ဟောင်သည် နောက်ပါတပည့်လေးဦးနှင့်အတူ အနောက်နိုင်ငံ
(အိန္ဒိယ) သို့ ပိဋကတ်တော်များကို ရေကူးပြီး နေပြည်တော်သို့ ပြန်ရောက်လာလေသည်။ ထိုအချိန်သည် ရှမ်းလူမျိုးများ
နှစ်သစ်ကူးပွဲတော်အချိန် ကျရောက်နေသဖြင့် အထက်ပါ အကြောင်းကြောင်းတို့ကြောင့် သာသနာတော်နှစ် ၄၅၀ သည်ရှမ်းတို့၏
ထူးခြားသော နှစ်မြတ်ဖြစ်သဖြင့် ထိုနှစ်မှစ၍ ရှမ်းနှစ်သစ်ကို စတင်ရေတွက်ခဲကြသည်။ ထို့ကြောင့် ရှမ်းနှစ်သည် ရှေးကာလမှစ၍
ယနေ့တိုင် ရှမ်းလူမျိုးများ အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက်ဆင်နွဲကျင်းပလာခဲကြသည်။
ထိုနှစ်ကူးပွဲတော်တွင်-
၁။ နှစ်သစ်ကူးအစားအစာပေပို့လှူဒါန်းခြင်း
၂။ နှစ်သစ်ကူးကို စောင့်ခြင်း
၃။ နှစ်သစ်ကို ကြိုဆိုခြင်း
၎။ နှစ်သစ်ဝမ်းမြောက်ခြင်း
၅။ နှစ်သစ်မင်္ဂလာပြုခြင်း
၆။ နှစ်သစ်စီမံခြင်း
၇။ နှစ်သစ်စာ သုံးဆောင်ခြင်း
၈။ နှစ်သစ်လက်ဆောင်ပေးပို့ခြင်း
၉။ နှစ်သစ်အားကစားပွဲကျင်းပခြင်းများကို ပြုလုပ်ဆင်နွဲကြလေသည်။
ကျေးဇူးတင်ပါတယ်
Posted in: သတင်း | 0 Comments | Email This
ယခုနှစ်ပြိုင်ပွဲဝင်မဲ့ လုံ့လမီး
Wednesday, 21 October 2009
အားလုံးမင်္ဂလာပါဗျာ...
20-10.2009 နေ့ညက ရပ်ကွက်ထဲမှလူငယ်တစ်စုနဲ့စကားပြောရင်း မီးပုံးပျံဘက်
စကားရောက်သွားကြတယ်ဗျို့ အဲဒီမှာတင်ပဲ .....
သူတို့ရဲ့ လုံ့လမီး အကြောင်းပြောကြတယ်လေ
သူတို့က ဒီနှစ်တန်ဆောင်တိုင်မှာ မှစပြီးပြိုင်ပွဲဝင်မှာလေ လူငယ်တွေလုပ်ကြတာပေါ့
စကားပြောရင်းပဲကျတော်စိတ်ကူးလေးရလာတာနဲ့ဟုတ်ပြီဆိုပြီး သူတို့လုပ်နေတဲ့နေရာ
ကိုသွားပြီး ဓါတ်ပုံရိုက်ခဲ့တယ်လေ သူတို့လေးတွေအမှတ်တရလဲဖြစ်သွားတာပေါ့.....
အားလုံးတော့လုပ်လို့တော့မပြီးသေးပါဘူး ယမ်းခွေတွေလုပ်နေတုန်းလေ ..အဲဒါနဲ့ ကျတော်
လဲရသလောက်လေး ဓါတ်ပုံရိုက်မှတ်တမ်းယူပြီး အားလုံးကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်
တောင်ကြီးမိသားစု ဆိုက်မှာလဲတင်ပေးထားလိုက်ပါတယ်...
မီးနာမည်က လုံ့လမီး ပါ ရေအေးကွင်းရပ် နယ်မြေ(၁၃) ကပေါ့ အဖွဲ့ခေါင်းဆောင်ကတော့ကိုမြတ်နိုင်စိုး
လို့သိရပါတယ်...
အားလုံးကိုလေးစားလျှက်....
....
Posted in: သတင်း | 0 Comments | Email This


