Pages

0

ရှမ်းနှစ်သစ်ကူး (2009 - ဓါတ်ပုံ)

Monday, 16 November 2009

(2009-11.16)
ရှမ်းနှစ်သစ်ကူပွဲမှပုံတွေပါ..ကျတော့်ဘလော့မှာ တိုင်းရင်းသားပွဲတော်ပုံတင်ထားပေးရခြင်းက တိုင်းရင်သားတွေရဲ့
ရိုးရာကိုလူတိုင်းသိအောင်ဖော်ပြပေးထားခြင်းဖြစ်ပါတယ်..အခုရှမ်းနှစ်သစ်ကူပွဲပုံတွေကြည့်လိုက်ပါဦး




နှစ်သစ်ကူးပွဲတော်ဆိုသည်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိချင်းပင်ဖြစ်သည်။
နတ်တော်လတွင် ရှမ်းလူမျိုးတို့၏ နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိုးများသည် သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်းလျက်ရှိသည်။










ရှမ်းနှစ်သစ်ကူးပွဲတော် သမိုင်းအရ သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄) တွင် ရှမ်းလူမျိုးများသည် "မူအန်မောဝ်"
တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာတင်သောနှစ်လဲဖြစ်သည်။ သောဏမထေရ်သည်
ရှမ်းဒေသသို့ သာသနာပြုကြွရောက်တော်မူခဲပြီး မဇ္ဈန္တိကမထေရ်က တရုတ်ပြည်တွင် သာသနာပြုကြွတော်မူသည်။
မိန်းဆည်ဘုရင်၏ သားတော်အိမ်ရှေ့မင်းသား ခွန်ဟောင်သည် နောက်ပါတပည့်လေးဦးနှင့်အတူ အနောက်နိုင်ငံ
(အိန္ဒိယ) သို့ ပိဋကတ်တော်များကို ရေကူးပြီး နေပြည်တော်သို့ ပြန်ရောက်လာလေသည်။ ထိုအချိန်သည် ရှမ်းလူမျိုးများ
နှစ်သစ်ကူးပွဲတော်အချိန် ကျရောက်နေသဖြင့် အထက်ပါ အကြောင်းကြောင်းတို့ကြောင့် သာသနာတော်နှစ် ၄၅၀ သည်ရှမ်းတို့၏
ထူးခြားသော နှစ်မြတ်ဖြစ်သဖြင့် ထိုနှစ်မှစ၍ ရှမ်းနှစ်သစ်ကို စတင်ရေတွက်ခဲကြသည်။ ထို့ကြောင့် ရှမ်းနှစ်သည် ရှေးကာလမှစ၍
ယနေ့တိုင် ရှမ်းလူမျိုးများ အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက်ဆင်နွဲကျင်းပလာခဲကြသည်။

ထိုနှစ်ကူးပွဲတော်တွင်-
၁။ နှစ်သစ်ကူးအစားအစာပေပို့လှူဒါန်းခြင်း
၂။ နှစ်သစ်ကူးကို စောင့်ခြင်း
၃။ နှစ်သစ်ကို ကြိုဆိုခြင်း
၎။ နှစ်သစ်ဝမ်းမြောက်ခြင်း
၅။ နှစ်သစ်မင်္ဂလာပြုခြင်း
၆။ နှစ်သစ်စီမံခြင်း
၇။ နှစ်သစ်စာ သုံးဆောင်ခြင်း
၈။ နှစ်သစ်လက်ဆောင်ပေးပို့ခြင်း
၉။ နှစ်သစ်အားကစားပွဲကျင်းပခြင်းများကို ပြုလုပ်ဆင်နွဲကြလေသည်။

ကျေးဇူးတင်ပါတယ်

0 Responses to "ရှမ်းနှစ်သစ်ကူး (2009 - ဓါတ်ပုံ)"