ည အားလပ်ချိန်လေး အပြင်မှာထိုင်နေရင်း ကောင်းကင်ကို မော့ကြည့်နေမိတယ် တစ်ခြမ်းပဲ့လလေးကို တိမ်တွေက တိုးဝှေ့လို့ ပေါ်တလှည့် ပျောက်တလှည့်နဲ့ပေါ့ စိတ်ထဲမှာလည်း လွမ်းရိပ်တွေက ဘယ်နေရာက တိုးဝင်လာလည်းမသိ ဟိုအရင် ရက်တွေဆီကိုရောက်သွားခဲပါတယ် တစ်ယောက်တည်းတိုးတိတ်စွာ။ အဆောင်ရှေ့မှာ ချစ်သူကိုယ်စီ စကားစမြည်ပြောနေကြလို့ တို့နှစ်ယောက် စကားတွေမဆက် ကောင်းကင်နက္ခကိုကြည့်နေမိတယ်။ ကြယ်တွေ လင်းလတ်တာကိုလည်း ကြည်နူးခဲ့တယ် ခုနှစ်စင်ကြယ် အစအဆုံ ရေတွက် ပြောနေမိတဲ့ အသံတွေ မကြာပါဘူး .. အဆောင်တံခါးပိတ်တော့မယ် အသိစိတ်တွေ ကိုယ်စီ ၀င်လာတော့မှ စကားပြောနေပြန်တယ်လေ တစ်ညတာ လွမ်းပြေရေးတွက်။ အတိတ်ရဲ့ နမ်ချက်တိုင်းဟာ အခု အလွမ်းတံတိုင်းတွေ ဖြစ်ဖို့ဆိုတာ ဘယ်သိခဲ့မှာလည်း။ မျက်လုံးပေါ် မိုးစက်တစ်ပေါက်လွင့်လာတော့မှ အသိစိတ်ဝင် အလွမ်းတောမှ ပြန်လာခဲ့ပါပြီ။ မိုးစက်တွေလည်း ခဏပါပဲ ပျောက်ကွယ်သွားလေပြန်ပေါ့။ ပိုပြီးတော့ သာယာနေတဲ့ မိုးကောင်းကင်ရယ် တစ်ခြမ်းပဲ လမင်းရယ် ငါကြည့်မ၀အောင်လှပနေတယ။် ခွဲခွာခြင်းတွက များလာတော့ အလွမ်းတွေဆို တာမကုန်ဆုံးနိုင်တော့ပါဘူး။စိတ်မှာ ပြန်တွေ သံစဉ်တွေကို ဆိုငြီးနေမိ အဆောင်ရှေ့ တီးခတ်ခဲ့တဲ့ သီချင်းလေး တစ်ချို့ပေါ့ .. သူမကြားနိုင်တော့ပါ ဝေးရာအရပ်မှာ သူပျော်နေမယ်ထင်ရဲ့။ ဒီလူမှာတော့ အလွမ်းရှေ့ ဒူးထောက် ခေါင်းစိုက်နေရရှာပေါ့။မင်းသိပါစေ ငါ့ အလွမ်း
Subscribe to:
Post Comments (RSS)
0 Responses to "အလွမ်း"
Post a Comment