Pages

0

ယိုစိမ့်သွားတဲ့စကားတစ်ချို့

Monday 18 April 2011

နေ့တစ်နေ့တွေရဲ့ နောက်ဆုံးချိန်တွေဟာ ညရဲ့အိပ်စက်ခြင်းတွေနဲ့ပဲကုန်လွန်စေခဲ့တယ်...
အသစ်တွေဖန်တီးဖို့အတွက်ကတော့ နံနက်ခင်း မျက်လုံးတွေဖွင့်ချိန်တစ်ခုပါ......
နေ့ည ၊ ညနေ့နဲ့ နေ့ရက်တွေကို ၀ါးမျိုနေရင်း ငါ့အနာဂတ်တစ်ခုဆီကို
တစ်ရွေ့ရွေ့သွားနေပြန်တယ်....။
ငါ့ကို လှိုင်းတွေက ရိုက်ခက်လို့ ရှောင်လွှဲဖို့ခက်နေတယ် ငါကကမ်းပါးပေါ့....။
လမ်းဘေးမှာတွေ့ဖူးတယ် ပန်းအလှလေးတွေ ခူးစွတ်နမ်းရှိုက်ဖို့ ခက်ခဲနေကြတာလား
ဥယျာဉ်ခြံကျယ်မှာ ဖူးပွင့်ခဲ့မယ်ဆိုရင် အလေ့ကျပန်းလေးတွေ
ခူးစွတ်နမ်းရှိုက်မိမှာပဲနော်
နမ်းရှိုက်ကြည့်ပါ သူ့အလှ သူ့ရနံ့တွေ ရှိနေမှာ နမ်းရှိုက်ကြည့်ပါ ရှိနေမှာပါ....။
ငါက ဥယျာဉ်အပြင်က စွန်ပစ်ခံ အလေးကျပန်းလေးမို့ပါ....
ငါ့မှာ အသက်တစ်ချောင်းပဲ၇ှိခဲ့တယ် အဲဒါ မျှော်လင့်ခြင်းအသက်
မထင်မှတ်ပဲ ဘ၀ကွန်ယက်ထဲ ခုငါ လျှောက်နေစဲပါလား...
မမောပန်းနိုင်ပါဘူး အရှေ့မှာ စောင့်နေတယ် ငါ့အိပ်မက်ကြီးတစ်ခုလုံးက

0 Responses to "ယိုစိမ့်သွားတဲ့စကားတစ်ချို့"