Pages

0

သက်မဲ့ (Animation)

Tuesday 12 October 2010

မှန်ကန်ကြီးတစ်ခုကို တည်ဆောက်ပြီးနောက် ပေ အနည်းငယ် ပတ်လည်လောက်ပေါ့ အရောင်တွေစုံလင်ဖို့လည်း ခေါင်းစားရတယ် အကြောင်းက လှုပ်ရှားမဲ့ သက်ရှိတွေ သင့်မြတ်ဖို့လေ။ ပထမဆုံးအနေနဲ့ ရုပ်သေ အရာဝတ္ထုတွေကို မှန်ကန်အတွင်းမှာ နေရာချရမယ်  ပန်းပင်အတုတွေ ကျောက်ခဲဖြူ သို့မဟုတ် အရောင်ရှိတဲ့ ခဲလုံး တွေပေါ့ အဲဒီအတွင်းမှာ လှုပ်ရှားသက်ဝင်ဖို့အတွက် အစောပိုင်းက ပြောခဲ့သလို ရောင်စုံသက်ရှိတွေထဲ့လိုက်တော့မယ် (အလှမွေးငါး)လေးတွေပါ ဒါကို ရုပ်သေပစ ည်းကြားမှာ လှပတဲ့ငါးတွေ ရေသန့်စက်၊အောက်စီဂျင် ရေပူပေါင်းတွေ ကြားမှာ ကူးခတ် ပုလဲ ငါးလို့ခေါ်တဲ့ငါး Betta လို့ခေါ်တဲ့ ဖိုက်တာငါး redhead and Oscar ငါးလေးတွေပါပဲ သက်မဲ့ပစ ည်းတွေနဲ့ လှုပ်ရှားနေတဲ့ အလှငါးလေးတွေ ပေါင်းစပ်လိုက်တော့ ကျွန်တော့်ရဲ့ (သက်ရှိ Animation) program ဟာ လှပ ခန့်ငြားနေရှာပြီပေါ့။ ငါးကန်တွေကို အလှဆင် ချစ်နေရတဲ့ ငါးတွေကို ကြည့်နေရင်းမှ အမှတ်တမဲ့ ပေါ်ပေါက်လာတဲ့ အတွေး တစ်ခုကို စာရွက်ကြမ်းပေါ်မှာ ရေးချရင်းနဲ့ webpage ပေါ်ကို ရောက်ရှိလာရပါတယ်။ နောက်ဆက်တွဲ အတွေးတစ်ခုမှာ (မှန်ကန်ထဲမှ ငါးလေးတွေ အမြဲတမ်းကူးခတ်နေတယ် သို့သော် ခရီးမရောက်ကြပါ ဒါကြောင့် ကျွန်တော်တို့လည်း ဘယ်လောက်ပဲ ကူးခတ်နေပါစေ မှန်ကန်ထဲက ငါးလေးတွေမဖြစ်ကြဖို့လိုအပ်ပါတယ်)

0 Responses to "သက်မဲ့ (Animation)"