Pages

0

မန္တလေးမှာ မိုးများပြီး ရေဘေး

Thursday 7 October 2010

မန္တလေးမှာ ၇ ရက်နေ့က စပြီးရွာတဲ့မိုး၈ ရက်နေ့မှာ ၀ုန်းဒိုင်းကြဲပြီး ရွာတယ် မန္တလေးတစ်မြို့လုံးနီးပါး ရေတင်တယ် ဈေးချိုအနောက်ဖက်ခြမ်း မြေနိမ့်ပိုင်းမှာလည်း ရေတွေဝင်လို့လှေတွေနဲ့သွားရတယ်မန္တလေးရဲ့ အရှေ့တောင်ဖက်က မြို့သစ် ပရံတော်ချောင်းဝဲယာမှာတော့ တစ်ထပ်အိမ်တွေ မြုပ်ကုန်တယ ပုသိမ်ကြီးဖက်မှာလည်း ရေတွေကြီးလို့မိုးရေချိန် ၁၁ လက်မ လို့သတင်းစာမှာဖော်ပြတယ် ပုသိမ်ကြီးဖက်က ကင်ဆာဆေးရုံကလူနာတွေကို OrientalHouse ကပိုင်တဲ့အိမ်ကို ပြောင်းရွေ့ပေးထားရတယ် ပြင်ဦးလွင်လမ်းလည်းရေလွှမ်းခဲ့တယ် ရေဘေးကယ်ဆယ်ရေးအတွက် လှေတွေမလုံလောက်ဘူး ထမင်းထုတ်တွေလည်း ကြုံသလို ဝေနေရတယ်  အိမ်ထောင်စု ဘယ်လောက်တောင်ဒုက္ခရောက်နေတယ်ဆိုတာ လောလောဆယ် အတိအကျမသိသေးဘူး ထမင်းထုတ်တွေကတော့ဝေမလောက်  အထုတ်တွေနဲ့ထွက်လာတဲ့သူတွေကလည်း မနဲဘူး ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ ၈ ရက်နေ့ ညမှာပဲ ကူညီမှုတွေလုပ်ခဲ့တယ် လက်လှမ်းမိသလောက်ပေါ့  ကျွန်တော်တို့က အင်အားကြီးအဖွဲ့အစည်း တစ်ခုမဟုတ်ပေမယ့် အလှူရှင်တွေရှာပြီးရေဘေးကယ်ဆယ်ရေးတွေလုပ်ခဲ့တယ်  ၉ ရက်နေ့က ထမင်းထုပ် ၄၀၀ ဝေနိုင်ခဲ့တယ်  ၁၀ရက်နေ့မှာ ထမင်းထုပ် + ရေသန့်ဗူး ၅၀၀ ဝေနိုင်ခဲ့တယ် ထမင်းထုပ်က နှစ်ယောက်စာနေ့ည စားနိုင်တဲ့အထုပ်မျိုးပါ  ရေထဲမှာ ခါးထိ ရေစိပ်ခံပြီးကျွန်တော်တို့အဖွဲ့ ကိုယ်တိုင်ကိုယ်ကျ ဝေတာဖြစ်ပါတယ် နောက်နေ့တွေလည်းဝေဦးမှာပါ အင်အားကြီးအဖွဲ့အစည်း အများအပြားကလည်း လာဝေကြပါတယ် အလိုအပ်ဆုံးလို့ ယူဆရတဲ့ ထမင်းထုပ်တွေဝေတာများပါတယ် ရေသန့်ဗူးလည်းအပါအ၀င်ပေါ့  အထားခံတဲ့ အစားအသောက်ကို မနက်ဖန်က စပြီး ဝေဖို့ရှိပါတယ် မုန့်ကြွပ်၊ ဘီစကစ်၊ ကိတ်ခြောက်၊ ငပိကြော်၊ ပုဇွန်ခြောက်ကြော် အစရှိသဖြင့်ပေါ့ကျွန်တော်တို့အဖွဲ့က အင်အားငယ်တော့ တစ်ရပ်ကွက်စာလောက်ပဲ ဝေနိုင်တာပါ အများမရောက်နိုင်တဲ့နေရာမျိုးကို လှေနဲ့သွားကြတယ်  လှေဌားခကလည်းခေါက်ခိုက်နေတယ် အလှူရှင်တွေရှိမယ်ဆိုရင်တော့ နေ့စဉ် လှူပေးဖို့ရှိပါတယ်

0 Responses to "မန္တလေးမှာ မိုးများပြီး ရေဘေး"