Pages

0

အချိန်တိုလေး

Friday 12 March 2010




ညလေး လေပြေလေးကိုကျော်ဖြတ်ပြီး ကွန်ပျူတာရှေ့မှာ သွားထိုင်လိုက်မိတယ် ဘယ်ရယ်မသိဘူး သတိရလိုက်တဲ့ စိတ်တစ်ခုနဲ့ ဂျီတော့ ဆိုတဲ့ကောင်ကို ဖွင့်လိုက်တယ် တွေ့လိုက်တယ် နာမည်လေး သတိရစိတ်တွေကနေ ပြောင်းလဲသွားလိုက်တယ် ရင်ခုန်ခြင်းသို့ ကျွန်တော့်ရင်ဘက်ထဲမှာ ရှိတဲ့ စကားလုံးတွေကို သူတို့တွေ တွန်းပို့လိုက်တယ် ချစ်စရာကောင်းတဲ့ သံစဉ်တွေရယ် ၊ အပြင်မှာ ညင်သာစွာ တိုက်ခက်နေတဲ့ လေပြေတွေ ရင်ဘက်ကိုတိုးဝှေ့သွားလို့ပဲလား ဘာဖြစ်ဖြစ်ပါ ဘယ်သူမှမတွန်းလဲ ကျွန်တော် ပြောဖို့အကြိမ်ကြိမ်ကြိုးစားမှာပါပဲ တွေ့ခဲ့တဲ့ အချိန်တွေဟာ နည်းလွန်းပါတယ် နည်းလွန်းတဲ့အချိန်တွေမှာ သူကိုယ်ချစ်မိခဲ့တဲ့ သန္ဓေ ရှိနေခဲ့တာ သတိမထားမိခဲ့ခြင်းက အပြစ်ဖြစ်နိုင်လား အခုတော့စကားလုံးတွေမွေးဖွား သူသိသွားအောင် ပြောပြလိုက်တယ်လေ လွယ်နဲ့တော့ မပြောထွက်လိုက်ဘူးလေ စကားစ တွေခေါ်ဆောင်ရင်းနဲ့ အချစ်ဆိုတဲ့စကားလုံးသို့ ရောက်အောင်သွားခဲ့ရတာပေါ့...။

ပြောနေရင်းနဲ့ သူ့မျက်နှာလေးကို ကြည့်နေချင်စိတ် ဖြစ်ပေါ်လာပြန်တယ်လေ အော်တွေးမိတယ် ခံစားမှုဆိုတာ တိုးပွားတက်ပါ့လားလို့ သူနဲ့နောက်ဆုံးတွေ့ချိန်မှာ မသင်ကာစရာတော့ ရင်ဘက်မှာ ရှိနေတယ်ဆိုတာသိလိုက် အဲဒါဘာလဲ ဆို သူ့ကိုချစ်မိနေတာပါ သူနှုတ်ဆက်သွားပြီး သူ့နောက်ကျောကိုငေးမောရင် အလွမ်းဆိုတာ ရင်ဘက်ကိုတိုးဝင်လာခဲ့တယ် ကျေးဇူးရှင် ဂျီတော့မှာ စကားတွေတော့ပြောဖြစ်နေခဲ့ကြတယ် ဒီည ရင်ခုန်ခြင်းညဖြစ်ခဲ့ရတယ် ...။

သူပြောတယ် အချိန်တိုလေးမှာ ပဲ ချစ်တယ်ဆိုတာဖြစ်ပေါ်လာတာ ဟုတ်ပါ့မလား မနောက်ပါနဲ့ ဆိုတဲ့ စကားလုံးတွေ တုံ့ပြန်လာတယ် သူသတိမထားမိခဲ့ပေမဲ့ ကျွန်တော့်ရင်ဘက်မှာ အချစ်ဆိုတာဟာ အချိန်တိုတွေကို စုဆောင်ပြီး ကြီးမားတဲ့ အချစ်ဆိုတဲ့အစိုင်ခဲ့ကြီးဖြစ်ပေါ်ခဲ့တာလေ သူနဲ့တွေ့ရင် ကျွန်တော်ပြုံပြမယ် အခွင့်သာ ချစ်တယ်ဆိုတာ ထပ်ပြောချင်ပါသေးတယ် အခုတော့ အပြင်က လေပြေတွေသယ်ဆောင်သွားတာလား "အာာာာာာာာာ ဘာတွေပြောနေတာလဲ မသိဘူး ပြန်တော့မယ် တာ့တာ"ဆိုပြီးသူ ပျောက်သွားလိုက်ပြီလေ တာ့တာ လုပ်သွားချိန်လေး သူ့မျက်နှာလေး ပြေးကြည့်ချင်လိုက်တာ

အခုတော့ အထီးကျန်ညလေး ကျွန်တော်တစ်ယောက် အလွမ်းတွေကို စီးနင်းရင်း ကွန်ပျူတာရှေ့မှာ ငေါင်နေမိတယ် ကွန်ပျူတာကြည့်တော့လဲ မျက်နှာပြင်တစ်ခုလုံး သူနဲ့တွေ့ရင်ပြောမဲ့ စကားလုံးအပိုင်းစတွေ သူ့ပုံရိပ်တွေသာ မြင်နေမိတော့တာပါပဲဗျာ ကျွန်တော့မျက်လုံးတွေကိုလဲ လေပြေလေညှင်းတွေမှ အိပ်စက်ဖို့အတွက် တွန်းပိတ်သွားပါတော့တယ်.....။

0 Responses to "အချိန်တိုလေး"