Pages

0

Virus အသစ်

Saturday, 21 May 2011

ညစဉ် ညစဉ် ကျွန်တော့်ရဲ့စိတ် အတွေးထဲက အလွမ်းတွေကို virus လို့အမည်ပေးလိုက်မိတယ်ဗျာ။ အလွမ်း virus ကိုသက်ဖို့အတွက် အဲဒီ Software က ကျွန်တော်နဲ့ မိုင်ချီဝေးတဲ့ နေရာမှာ ရောက်နေပြီ။ ခုချိန်မှာ Search Engine တွေဟာ အသုံးမတဲ့ပြန်ပါလား။ အားလပ်ချိန်လေးတွေ တွေးမိတိုင်း အလွမ်းဆိုတဲ့ ခေါင်းစဉ်ကို ဦးတည်နေတော့တာပါပဲ ကျွန်တော်ပျံသန်းနေပါတယ် သူရှိတဲ့အရပ်ကိုလေ… မုန်တိုင်းနဲ့ ပင်လယ်တွေ ဖြတ်သန်းနေရတဲ့အတွက် အချိန်တွေကြာမြင့်နေခဲ့ရပါတယ်။ အဲဒီအလွမ်း Virus သေဖို့ဆိုတာကျွန်တော်ရင်ခွင်မှာ ချစ်သူရှိနေဖို့ပါပဲ။ ရင်ချိန် အတူလျောက်ခဲ့ဘူးတဲ့ လမ်းတွေနဲ့ ပြောခဲ့တဲ့စကားတွေ သူမေ့များနေမလား ဆိုတဲ့ အတွေကလည်း စိတ်မှာ တစ်ချက်တစ်ချက် ၀င်ဆောင့်နေသေးရဲ့။ ကျွန်တော့်တောင်ပံတွေမှာ အလွမ်း ဗိုင်းရပ်စ် ကိုက်ခံထားရလို့ အားအင်တွေ မကြာမကြာမှေးမှိန်တက်တယ် ဒါပေမဲ့လည်း ရှိတဲ့အားတွေနဲ့ ထက်ပြီး ပြန်သန်းနေရတယ် ခရီးတစ်ခုရောက်ရင်တော့ အနာဂတ်အတွက် အားတွေဟာ အတိုင်းဆမဲ့ ပြန်ပြည့်လာလိမ့်မယ်ဆိုတာ ကိုယ့်ကိုယုံကြည့်တယ်။ သတိရမှုတွေထဲက တစ်ခုက သက္ကသိုလ်စာမေးပွဲဖြေခါနီးချိန်ပေါ့ ကျွန်တော်စာကျက်ပျင်းလို့ဆိုပြီးလေ သူဘေးက ကျွန်တော့် Subject တွေကို ရွက်ဆိုပြတက်တယ် သူကကျွန်တော့်ထက်အတန်းကြီးတယ် မာစတာတန်းပြီးမဲ့အချိန်ပေါ့။ သတိရစရာအစိတ်အပိုင်းတွေက များလွန်းလှပါတယ် ဒါပေမဲ့ သူနဲ့ အချိန်ကြာ နှစ်တွေကြာဝေးရမဲ့ ညတစ်ညမှတော့ သူပြောခဲ့တဲ့စကားလေးတစ်ခွန်း "နင်က ငါ့ကိုအရမ်းချစ်တာပဲ ငါ့အဖေလောက်ကိုချစ်တယ်နော်"တဲ့ ကျွန်တော်အရမ်းချစ်မှန်းသူသိပါတယ် ဘာကြောင့်အဲလောက်ကြာဝေးနေရတာလဲ စကားတစ်ခွန်းကြားယောင်မိတယ် အချစ်စစ်တို့မည်သည် ခက်ခဲတက်တယ်ဆိုလားဗျာ တော်တော်ကိုပေါင်းစပ်ဖို့ခက်ခဲပါတယ် မပေါင်းစပ်ရမှာကိုပဲ ကြောက်နေမိတယ်၊ ခုဆိုရင် မကြာမကြာတွေးမိတယ် လွမ်းမိတယ်ပေါ့ဗျာ ဒါကြောင့် ကောင်မလေး အလွမ်း virus ကို မင်းသက်မှဖြစ်တော့မယ်နော်….ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..:D

0

Ok Virus cleaner

Monday, 16 May 2011

Virus Cleaner များ
နှိမ်နှင်းနိုင်တဲ့ virus အမျိုးအစားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်
ati2avxx Cleaner
Chrome Cleaner
Driver Guard
Explorer.exe Cleaner
Fansy Cleaner
Fun Cleaner
Funny Cleaner
Globle Cleaner
Happy Birthday Cleaner
KillVBS Cleaner
အောက်တွင်ဒေါင်းလုပ်လင့် (1)
http://ifile.it/lzbia68/Virus%20Cleaner1.rar

Virus Cleaner 2
Kolay.vbs Cleaner
Loikaw Cleaner
Magway FC Cleaner
Nargiz Cleaner
REcycler Cleaner
regsvr Cleaner
Svchost Cleaner
TayatMyo Cleaner
Univbs Cleaner
Virus Cleaner Guide
အောက်တွင် ဒေါင်းလုပ်လင့် (2)
http://ifile.it/0o1x2nc/Virus%20Cleaner%202.rar
software မှာလိုအပ်တဲ့ password တွေကိုတော့ JPEG နဲ့ဖော်ပြထားပါတယ်
ပုံတွင်ကြည့်လိုက်ပါ
အဆင်ပြေကြပါစေ virus အန္ဒရာယ်မှကင်းဝေးကြပါစေ။

0

Cmd ကနေ ဆိုဒ်တွေကို Block မယ်

ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။
*လုပ်နည်း*
1. *Start* >> *Cmd* ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။
Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. *notepad C:/Windows/System32/drivers/etc/hosts* ကို Cmd (Commmand Prompt
) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။
<http://1.bp.blogspot.com/-Ji5i4MNt8RQ/TbGvYUInvdI/AAAAAAAAAcQ/FM4QHT2...>
3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ *127.0.0.1
ပိတ်ချင်တဲ့လိပ်စာ*ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့
facebook နဲ့ပြထားပါတယ်။
<http://2.bp.blogspot.com/-wVJ5kq6Y3qM/TbGvco6m8II/AAAAAAAAAcU/Wlb7V_9...>
4. *Save* ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း *Exit* လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။
တကယ်လို့ *ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို
ပြန်ဖျက်ပေးလိုက်ပါ။* ဒါဆိုပြန်ဝင်လို့ ရပါပြီ။
အဆင်ပြေကြပါစေခင်ဗျာ။

0

ကောင်လေးနဲ့ ကောင်းမလေး

Wednesday, 11 May 2011

မိုး မသဲ ပေမဲ့ မိုး မစဲသေးပါဘူး ညကမှောင်မှိုက်လို့ ဆိုင်လေးတစ်ခုအတွင်းမှာ အတူရှိနေခဲ့ကြတာပေါ့ "ကောင်လေး" စကားစပြောတယ် မင်း ကိုယ်နဲ့တစ်ခါတွေ့ပြီးကတည်းက ဘယ်ပျောက်သွားလဲ "ကောင်မလေး" ကပြန်ပြောတယ် မျက်နှာပူလို့ ထပ်မလာဖြစ်တာပါ မျက်နှာပူစရာက သူတို့နှစ်ယောက်ပဲသိမှာပါ "ကောင်လေး" က ငါမှာ မင်းကိုမျှော်နေခဲ့ရတာ ငါ့ရင်ခွင်ထဲမင်း အပြီးအပိုင်များထွက်သွားလား အတွေးတွေနဲ့ သတိရနေခဲ့ရတယ်... မိုးက သူတို့ ဆိုင်ထဲမှာရှိနေချိန်မှာပဲ ပိုလို့သာရွာလာပြန်တယ်။ "ကောင်မလေး" က သူ့ချစ်သူ ကောင်လေး ပခုံးမှာ ခေါင်းလေးမှီလို့ပေါ့ အတွေးတွေနဲ့ နှစ်ယောက်သား စကားမဆက်ဖြစ်ပဲ ခဏလောက် ငြိမ်နေခဲ့ကြတယ်။ ညက တစ်ဖြေးဖြေးနဲ့ မှောင်လာပြန်တယ် သူတို့တွေ စားသောက်ပြီး ဆိုင်အပြင်ကို ကြည့်လိုက်တော့ မိုးစက်တွေ မရှိတော့ဘူး "ကောင်းလေး" က ပြန်ရအောင် ဆိုပြီး သူ့ဘေးက ချစ်သူကိုပြောလိုက်တယ် .. ဒီလိုနဲ့ ချစ်သူနှစ်ယောက် ဆိုင်အပြင်ထွက်လာကြတယ် အိမ်မပြန်ဖြစ်ကြသေးပါဘူး သူတို့ ကြည်နူးစရာ နေရာလေးတစ်ခုကို ရွေးချယ်ပြီး ခဏအချိန်ဖြုန်းလိုက်တယ် "ကောင်လေး" က ကောင်မလေး ပါးပြင်ကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် ချစ်သူနှစ်ဦးမှာ ရင်ခုန်သံတွေ ပူနွေးလာကြပြီလေ .. တစ်ယောက်ကို တစ်ယောက်
ညင်သာစွာ ပွေ့ဖက်ထားပြီး အချိန်ကို ကုန်လွန်စေခဲ့တယ်။ ကောင်လေး ရင်ထဲမှာ အဓိပ္ပါယ်မျိုးစုံ ပုံဖော်ကြည့်နေသည်။ ဘာကြောင့်လည်းဆို ကောင်လေးက သူ့ချစ်သူ ဟာ ငါပိုင်ရမဲ့ ချစ်သူမဟုတ်ဘူး အသိနဲ့ပါပဲ။ ဒီလိုပါ ကောင်မလေးက အိမ်ထောင်ရှိခဲ့ဘူးတာကို သူ့ကို မပြောပြခဲ့ဘူး ကောင်လေး သိလိုက်ရချိန်ဟာ မကြာသေးပါဘူး ကောင်မလေးကိုလဲ သူသိတာ မပြောပြခဲ့မိဘူးလေ ဒါဆို သူ့ခေါင်းထဲမှာ အတွေးများစွာနဲ့ပေါ့။ နံနက် (၉)နာရီထိုးမှာ ကောင်မလေး ကောင်လေးဆီကို ရောက်လာပါတယ် ...နောက်ပိုင်း ချစ်သူနှစ်ဦး ဘာဆက်ဖြစ်သွားကြလဲ....??? ရှေ့ဆက်ဖို့အတွက် အားအင်ပြည့်တဲ့ ခြေလှမ်းတွေ လှမ်းနေလား ...?

0

iPixsoft slide show creator

Wednesday, 20 April 2011

flash slideshow လုပ်တဲ့ software တစ်ခုပဲ။ အားသာချက်တွေ ရှိပါတယ် (ကိုသံလုံငယ်) က ဒီလိုပြောထားပါတယ်။
၁။ file size သေးပြီး အသုံးပြုရတာလည်း ပေါ့ပါးပါတယ်။
၂။ ပုံတစ်ပုံနဲ့ တစ်ပုံကြား transforming ကို auto ထည့်ပေးလို့ slide show တစ်ခုလုပ်ဖို့ အရမ်းမြန်တယ်။
၃။ slide show ရဲ့ output ကို swf, html, executable (double click နှိပ်ယုံနဲ့ player မလိုပဲ open ပေးနိုင်တဲ့ဖိုင်), screen saver အပြင် email နဲ့ ပို့နိုင်အောင်ပါ ပြန်ထွက်ပေးထားတယ်။
၎။ slide show ရိုးရိုးမဟုတ်ပဲ play, pause, photo view, replay
စတဲ့ခလုပ်တွေ အလိုလိုထည့်ပေးပါတယ်။ Software ပါတင်ပေးထားပါတယ်။ ပထမဆုံး set up ဆိုတာကို run ပြီး application ကို install လုပ်ပါ။ ပြီးမှ template ကို ထပ် run ပေးလိုက်ပါ။ အလွယ်သုံး software တွေဖြစ်လို့ သဘောလောက်ပဲ ထပ်ပြောပြပါ့မယ်။
၁။ install လုပ်ပြီးလို့ ဖွင့်လိုက်တာနဲ့ main menu ပေါ်လာမှာပါ။ New ဆိုတာကိုသာ နှိပ်လိုက်ပါ။
၂။ window box တစ်ခုပွင့်လာပြီး သုံးချင်တဲ့ ဓါတ်ပုံတွေ ရွေးခိုင်းပါလိမ့်မယ်။ အဲလိုမပေါ်ခဲ့ရင်လည်း ဘယ်ဘက်အပေါ်ဒေါင့်က မျဉ်းသားပြထားတဲ့ add ကိုနှိပ်ပါ။ မိမိသုံးချင်တဲ့ပုံတွေ ရွေးပြီး ၀ိုင်းပြထားတဲ့ Add ကိုနှိပ်ပါ။
၃။ ပုံတွေရောက်သွားပါပြီ။ အောက်ခြေမှာ tab menu လေးခုရှိပါတယ်။ ပုံထည့်ပြီးတာနဲ့ photo ဆိုတဲ့ tab ထဲကိုရောက်သွားပြီပေါ့။ တစ်ပုံချင်းစီကိုထောက်ပြီး ညာဘက်က option တွေနဲ့ ပုံကို edit လုပ်လို့ရပါသေးတယ်။ မလုပ်ချင်လည်း ကျော်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်အတွက် နောက် tab တစ်ခုကို နှိပ်လိုက်ပါတယ်။
၎။ template ဆိုတဲ့ tab မှာ မိမိသုံးချင်တဲ့ ဒီဇိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဘေးပတ်လည် frame က အသေဖြစ်ပြီး player တစ်ခုထဲမှာ ဗီဒီယို ဖွင့်ပြသလိုမျိုး လုပ်ပေးမှာပါ။ အဲဒီတော့ slide show တစ်ခုလုံးအတွက် frame တစ်ခုပဲ ရွေးနိုင်မှာပါ။ template တစ်ခုရွေးပြီးရင် ညာဘက် option အပေါ်ဆုံးက Template config ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒါကိုနှိပ်ပြီး template ရဲ့ size တွေပြင်နိုင်တဲ့အပြင် play, forward စတဲ့ control buttons တွေ၊ photo view icon ထည့်မထည့်ဆိုတာလည်း ရွေးနိုင်ပါတယ်။ ၀ိုင်းပြထားတဲ့ Music ဆိုတာကိုနှိပ်ပြီး မိမိသုံးလိုတဲ့ သီချင်းကို ထည့်နိုင်ပါတယ်။ ပြီးရင်တော့ နောက် tab တစ်ခုကို သွားပါ့မယ်။
၅။ Decorate ဆိုတဲ့ tab မှာ ဒီ slide show အတွက် effect တွေ၊ အရုပ်လေးတွေ ထပ်ထည့်နိုင်ပါတယ်။
1. မိမိထည့်ချင်တဲ့ effect ကို slide show ထဲ drag လုပ်ပြီး ဆွဲထည့်ပေးပါ။ နေရာချပေးပါ။ သူ့အောက်မှာ ပေါ်လာမယ့် option တွေနဲ့ အဲဒီ effect တွေကို ထပ်ပြင်နိုင်ပါတယ်။
2. ပုံတစ်ပုံနဲ့ တစ်ပုံအကြား transform တွေက auto ထည့်ပေးထားပြီး ဖြစ်ပါတယ်။ မိမိဘာသာ ပြန်ပြောင်းချင်ရင် အဲဒီနေရာကို click ပြီး ကြိုက်တာတစ်ခုကို ရွေးပေးယုံပဲ။
3. အဖွင့် နဲ့ အဆုံး အတွက် စာသားတွေ ပြင်ဆင်ရေးသားနိုင်ပါတယ်။ (ရုပ်ရှင်ဇာတ်ကားတွေ စာတန်းထိုးသလိုပေါ့)
၆။ publish ဆိုတဲ့ နောက်ဆုံး tab ပါပဲ။ မိမိဘာဖိုင်အမျိုးအစားအနေနဲ့ လိုချင်တာလဲဆိုတာကိုပဲ ရွေးချယ်ပေးရမှာပါ။ swf ဆိုတဲ့ ရိုးရိုး flash movie type နဲ့ယူမှာလား၊ flash ဖိုင်ကို browser မှာပေါ်ဖို့ HTML နဲ့ရေးပြီးသားယူမလား၊ Executable ဆိုတဲ့ double click နှိပ်ယုံနဲ့ Player မလိုပဲ ပွင့်လာမယ့် .exe ဖိုင် အနေနဲ့ ယူမလား၊ screen saver အနေနဲ့ယူမလား (installer အနေနဲ့ လုပ်ပေးမှာဖြစ်ပါတယ်)၊ Email ကိုပဲ တိုက်ရိုက်ပို့ရမလား ဆိုတာကို ရွေးချယ်ပေးရုံပဲပေါ့။ setting မှာတော့ Template config တုန်းက အတိုင်းပဲ ဖြစ်ပါတယ်။ သုံးရတာ တော်တော်လေးမိုက်တယ်ဗျာ ကျွန်တော်လုပ်ကြည့်ပြီးလို့ပါ အချိန်ုကုန်လည်းသက်သာတယ်လေ ကဲ ငေးမနေနဲ့ တွေးမနေနဲ့ ဒေါင်းပြီး သားစမ်းကြည့်လိုက်ပါဦးဗျာ စားဖတ်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

0

ယိုစိမ့်သွားတဲ့စကားတစ်ချို့

Monday, 18 April 2011

နေ့တစ်နေ့တွေရဲ့ နောက်ဆုံးချိန်တွေဟာ ညရဲ့အိပ်စက်ခြင်းတွေနဲ့ပဲကုန်လွန်စေခဲ့တယ်...
အသစ်တွေဖန်တီးဖို့အတွက်ကတော့ နံနက်ခင်း မျက်လုံးတွေဖွင့်ချိန်တစ်ခုပါ......
နေ့ည ၊ ညနေ့နဲ့ နေ့ရက်တွေကို ၀ါးမျိုနေရင်း ငါ့အနာဂတ်တစ်ခုဆီကို
တစ်ရွေ့ရွေ့သွားနေပြန်တယ်....။
ငါ့ကို လှိုင်းတွေက ရိုက်ခက်လို့ ရှောင်လွှဲဖို့ခက်နေတယ် ငါကကမ်းပါးပေါ့....။
လမ်းဘေးမှာတွေ့ဖူးတယ် ပန်းအလှလေးတွေ ခူးစွတ်နမ်းရှိုက်ဖို့ ခက်ခဲနေကြတာလား
ဥယျာဉ်ခြံကျယ်မှာ ဖူးပွင့်ခဲ့မယ်ဆိုရင် အလေ့ကျပန်းလေးတွေ
ခူးစွတ်နမ်းရှိုက်မိမှာပဲနော်
နမ်းရှိုက်ကြည့်ပါ သူ့အလှ သူ့ရနံ့တွေ ရှိနေမှာ နမ်းရှိုက်ကြည့်ပါ ရှိနေမှာပါ....။
ငါက ဥယျာဉ်အပြင်က စွန်ပစ်ခံ အလေးကျပန်းလေးမို့ပါ....
ငါ့မှာ အသက်တစ်ချောင်းပဲ၇ှိခဲ့တယ် အဲဒါ မျှော်လင့်ခြင်းအသက်
မထင်မှတ်ပဲ ဘ၀ကွန်ယက်ထဲ ခုငါ လျှောက်နေစဲပါလား...
မမောပန်းနိုင်ပါဘူး အရှေ့မှာ စောင့်နေတယ် ငါ့အိပ်မက်ကြီးတစ်ခုလုံးက

0

မှတ်စုတိုတစ်ပုဒ်

Tuesday, 12 April 2011

ကျွန်တော်ခရီးခဏထွက်သွားလိုက်တာနဲ့ စာတွေမရေးဖြစ်တာကြာပြီဗျ
ရေးဖြစ်တော့လဲ ကြုံဆုံတာလေးပေါ့ အစစ်တွေနော် အုန်းကြူးပေါ့ :D
ရန်ကုန်ကိုပထမသွားလိုက်တယ် အစ်ကိုတစ်ယောက်မင်္ဂလာဆောင်ပါ သူနေတာ
ပုဇွန်တောင် မြို့နယ်မှာလေ ကျွန်တော်ရောက်သွားခဲ့တယ် (5)
ကြာနေခဲ့ပါတယ်။ပထမနေ့ မှာ ကန်တော်ကြီးကိုသွားလိုက်တယ် သွားတယ်ဆိုတာကလဲ
ဒီလိုပါ အစ်ကိုတစ်ယောက်ရဲ သီချင်းခွေ စုပေါင်းခွေပေါ့ သင်္ကြန်ခွေပါ သူ့ရဲ့
Free show ပေါ့ promotion လုပ်တဲ့ ပွဲတစ်ခုပါ။ ကျွန်တော် ညီကို
သူငယ်ချင်းတွေနဲ့ အငှားကား ငှားပြီး သွားကြတယ်။ သူငယ်ချင်း ကောင်းမလေး
တစ်ယောက်ကိုလဲ ဖုန်းဆက်ချိန်ထားလိုက်သေးတယ် သူ့နာမည်က (...) လို့ခေါ်တယ်
သူ့ဆီက ဖုန်းဝင်လာချိန်မှာ ကျွန်တော် ကံတော်ကြီး အရှေ့အပေါက်ဝကနေ
သွားစောင့်နေမိတယ် 10 မိနစ်လောက်အကြာ သူရောက်လာခဲ့တယ်။ဒါနဲ့
ဆိုင်တစ်ဆိုင်သွားထိုင်တယ် စားရင်းသောက်ရင်းနဲ့ပေါ့ စကားအနည်းငယ်
ပြောဖြစ်ခဲ့ကြတယ်.. နောက် ကောင်မလေးကို ဓါတ်ပုံတစ်ချို့ရိုက်ခဲ့တယ် အော်
ကောင်မလေးဆိုတာ ရိုးရိုးကောင်းမလေးပါ သူ့ပါးပြင်က ပါးချိုင့်လေးကို
ကျွန်တော် သဘောကျမိတာတော့ သေချာတယ် ဒါနဲ့ ပါးချိုင့်လေး ကို ဦးစားပေး
ရိုက်ခဲ့တယ်။အဲလိုနဲ့ တစ်ညတာ ကုန်ဆုံးသွားခဲ့တယ်။
အမှတ်တစ်ရ နောက်ရက်မှာတော့ ကျွန်တော့်အစ်ကို မင်္ဂလာဆောင်ကိုသွားခဲ့တယ်
မင်္ဂလာဆောင်က တိုက်ကြီးမှာ ဆောင်တာ ဖြစ်တဲ့အတွက် ရန်ကုန်ကနေ ကားနဲ့
ကျွန်တော်တို့ အဖွဲ့ သွားကြတယ်။ ကျွန်တော်တို့အဖွဲ့ဆိုလို့ပြောရဦးမယ်
ကျွန်တော့်သူငယ်ချင်း 10 နှစ်လောက်ခန့်မတွေ့ရတာကြာတဲ့
သူငယ်ချင်းပါတယ်၊နောက် မင်္ဂလာဆောင်မှာ တီးဝိုင်းထည့်ထားတဲ့အတွက်
ကီးဘုတ်ဆရာ ဆရာကီး၊ ကိုကျော် ၊ ကိုကောက် ကင်မရာ မန်းပေါ့ နောက်
ဓါတ်ပုံဆရာများနဲ့ ကျွန်တော့်အစ်ကို ကိုမိုး ၊ ဘစည်တို့ နဲ့အတူ
တိုက်ကြီးကို သွားခဲ့ကြတယ်။ကျွန်တော့်အစ်ကိုမင်္ဂလာဆောင်ဟာ တော်တော်
ခန်းနားလှပါတယ် ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။နောက်တစ်ရက်ကတော့ ကျွန်တော်
အညာမြေပြန်မဲ့ ညမှာ DJ class တစ်ခုကိုသွားဖြစ်ခဲ့တယ်။ ကျွန်တော်ရဲ့
ကောင်မလေး သူငယ်ချင်း လဲပါတယ် ကျွန်တော်တို့နဲ့အတူ အဲဒီညကို ဖြူစင်စွာ
အတူ ဖြတ်သန်းခဲ့တယ်။ ကျွန်တော် ကျေးဇူးအရမ်းတင်မိခဲ့ပြီပေါ့။သို့သော်
အဲဒီည ကျွန်တော် အိပ်မပျော်ခဲ့ပါဘူး.. သူ့မှာ အဆင်ပြေပါ့မလားဆိုတဲ့
စိတ်ကြောင့်ပါ...။
နံနက်အစောကြီး သူကျွန်တော့်ထက်စောနိုးနေခဲ့တယ် သူညက ကျွန်တော့်
အစ်ကိုသူငယ်ချင်း ကောင်မလေးနဲ့ အတူအိပ်ခဲ့တယ်လေ..ကျွန်တော်
အိပ်ရာကနိုးတော့ သူ ၀ရံတာ က ခုံမှာထိုင်နေတာကို တွေ့ရတယ်။ကျွန်တော်
စကားတွေအများကြီးပြောချင်ခဲ့မိတယ် အချိန်မရလို့ကြောင့်လား..
အမြင်လွဲမှားစိုးထိတ်လို့လား အတွေးများစွာနဲ့ပဲ
ရုပ်သိမ်းခဲ့မိတယ်။အမှန်တိုင်းဆိုရင် ကျွန်တော် သံယောဇဉ်ဖြစ်မိသွားပြီ
မှားသွား မသိဘူး မမေ့ပါဘူး ညတစ်ညရဲ့ ရောင်စုံလင်းလတ်တဲ့
မီးရောင်စုံအောက်မှာ ကျွန်တော်စိတ်တွေ ပြိုလဲသွားခဲ့တာပါပဲ။အဖြူသက်သက်ပါ
**** ကျွန်တော်တစ်ခုလောက်ဖွင့်ဆိုကြည့်ချင်တယ်ဗျာ..အချစ်တို့မည်သည်
မထင်မှတ်ခြင်းတွေက
ရင်ဘက်ထဲထိရောက်သွားချင်းတွေပါပဲ...ဒီလောက်ပဲနော်...ကဲကဲ ကျွန်တော်ရဲ့
ဝတ္ထုဆန်ဆန် ကဗျာသဏ္ဍန်တွေကို အားပေးတဲ့ ပရိတ်သက်တွေကိုလဲ
အထူးကျေးဇူးတင်ရှိပါတယ်။။ကျွန်တော်စိတ်ကူးယဉ်ပုံပြင်တွေကို
ရေးသားခြင်းမရှိပါဘူး ကွန်မန်းမှာမရေးကြပေမဲ့ Cbox မှာ ရေးသားသွားတဲ့
ညီကို မောင်နှမများကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
ဆက်လက်အားပေးကြပါဦးနော်...ကျွန်တော်ရဲ့ မှတ်စုလေးတွေ ဆက်ရေချင်ပါသေးတယ်
(ခံစားချက်တွေကိုလဲ ကဗျာသဏ္ဍန်ဖန်တီးချင်ပါသေးတယ်ဗျာ)