Pages

0

Myanmar Flag

Thursday, 21 October 2010

မြန်မာနိုင်ငံတော် အလံ ပြောင်းလဲသွားပုံ

0

ရှမ်းကိုမှီး

တစ်ချို့ က ရှမ်းကိုးမှီး လိမ်လို့ရတာ မယုံချင်ဘူး အပေါ်က ဝေတဲ့ဖဲကို လိမ်လို့မရဘူးထင်တာပေါ့ လိမ်နည်းက ဒီလိုပါ တော်ရုံဆရာကြီးတွေတောင် ဒီနည်းကို မသိကြသူတွေရှိပါတယ် ဒီနည်းက တော်တော်ခက်ခက်ခဲခဲ လေ့ကျင့်ထားမှ ရပါတယ် တစ်လလောက်တောင် ထိုင်ပြီးလေ့ကျင့်မှ ကျွမ်းကျင်သွားပါတယ် သူကြတော့ လက်လှည့် ပညာ ဖြစ်သွားပြီ ဘယ်ဖဲထုပ်ပဲလာလာ လိမ်လို့ရတယ်။ အဲဒါ ဘယ်လိုလုပ်လဲဆို ပထမဦးဆုံးပွဲကတော့ ကျချင်ရာ ကျဆိုပြီးဝေလိုက်ပါတယ် လူငါးယောက်အတွက် (10) ချက်ပေါ့ ဆွဲတဲ့သူက ဆွဲဆိုတော့ ဆယ့်သုံးချက် ဆယ့်လေးချက်လောက်ပေါ့နော် အဲဒီအထိ လိမ်တာမပါသေးပါဘူး လိမ်တာက အခုမှစတာ စောစောက ဝေထားတဲ့ဖဲကို ပြန်သိမ်းတဲ့နေရာမှာ ဖဲကို အစဉ်လိုက်ကောက်လိုက်တယ်။ ဥပမာ လူငါးယောက်ကစားတယ် အဲဒီမှာ ဖဲပြန်သိမ်းတော့ ပထမဖဲကို ကိုယ်မလိုချင်တဲပ ဖဲလေးချက်ကို ကောက်သိမ်းပြီး ငါးချက်မြောက်မှာ ဝေရင် ကိုယ်ဘက် ပြန်ကျလာမဲ့ (9)ဖဲကို ထဲ့လိုက်တယ် နောက်လေးချက် ထပ်ကောက်ပြီ ဆယ်ချက်မြောက်မှာ ကုလားဖဲထဲ့လိုက်တော့ အဲဒီအတိုင်း ပြန်ဝေရင် သူက (9)ကျသွားရောလေ။ ဒါပေတီး ကုလားဖန်ထိုးတဲ့နေရာမှာ အပေါ် ဆယ်ချက်ကို လွှတ်ထိုးပေးရပါတယ် ဒါမှ ဖဲအစဉ်ပျက်မသွားမှာလေ ကုလားဖန်ထိုးပြီးတာနဲ့ ဖဲချက်တွေကို အပေါ်ကော့သွားအောင် လက်နဲ့တစ်ချက် ဆွဲပစ်လိုက်ပါ (အရေးကြီးပါတယ်)။ အဲလိုလုပ်လိုက်မှ ဖဲချိုးတဲ့သူက ချိုးလိုက်တဲ့အခါမှာ ဖဲချိုးထားတဲ့နေရာက ကြားထဲမှာ အပေါက်လေးနဲနဲ ဟနေပါတယ်။ ကိုယ်စီထားတဲ့ ဖဲက အောက်ရောက်သွားပါပြီ အဲဒါကို အပေါ်ရောက်အောင် ပြန်လုပ်ရမှာ ဒါမှ ကိုယ်စီထားတဲ့ ဖဲကျမှာလေ အဲဒီအပေါက်ကနေပြီ အပေါ်ဖဲကို အလွှာလိုက် ဘေးကိုတွန်းပစ်ပြီး အောက်က ဖဲလွှာကိုကြတော့ လက်မအောက်က လက်ဖနှောင့်နဲ့ ညှပ်ပြီး အပေါ်ကို နည်းနည်း ကားပေးရပါတယ် ဒါမှ စောစောက ဘေးကိုတွန်းထားတဲ့ဟာကို အောက်ကိုစွဲချပြီး အောက်ကဟာကို အပေါ်တင်လိုက်ပြီး နေရာတကျ တစ်ခါတည်းပြန်ထားလိုက်ရပါတယ်။ ဒီနည်းက လေ့ကျင့်ရတာ တော်တော်ခက်သလို ရှမ်းကိုမှီးလိမ်ပြီဆိုတာနဲ့ ကြည့်လိုက် ဒီနည်းပါပဲ တစ်ခုတည်းသော ရှမ်းကိုမှီး လိမ်နည်းလို့တောင်ပြောလို့ရပါတယ်။ (မလုပ်မဖြစ်လုပ်ရမဲ့ဟာကတော့) ကုလားဖန်ထိုးပြီးပြီးချင်း ဖဲထုပ်ကို အပေါ်ကော့သွားအောင် လက်နဲ့ တစ်ချက် လှန်ဆွဲပြစ်ရတာပါ။ ကဲ သူငယ်ချင်းများအားလုံး လိမ်ညာ ခံရခြင်းမှ ကင်းဝေးကြပါစေ။ ဖဲလိမ်နည်း အကြောင်း ပို့စ် တစ်ခုအနေနဲ့ တင်ပေးဖို့တော့ စိတ်ကူးမရှိခဲ့ပါဘူး ဒါပေမဲ့ သူငယ်ချင်းများ ကြုံတဲ့အခါ အလိမ်ညာ မခံစေရအောင် စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ကျွန်တော့်ဘလော့ လာရောက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ကြုံရင်လာခဲ့ဦးနော်...:D

0

အဆိပ်ရှိတဲ့အပင်

Tuesday, 19 October 2010

ဒီအပင်ကိုအိမ်တွေ၊ရုံးတွေဟော်တယ်….နေရာတော်တော်များများမှာတွေ့ဖူးကြမှာပါ။နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင်ဂမုန်းထင်တယ်) တွေ့ဖူးတာတော့ တွေ့ဖူးတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။၎င်းအပင်ရဲ့ အစေး ဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများ ကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို့ အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင်အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ သင့်မိတ်ဆွေတွေကို တော့ လက်တို့အသိပေးစေလိုပါတယ်။


0

Fishs

Sunday, 17 October 2010

ကျွန်တော့်ချစ်ရတဲ့ လက်ရှိ မွေးထားတဲ့ ငါးလေးတွေပါ

0

မန်းရွှေစက်တော်ဓါတ်ပုံ

Friday, 15 October 2010

ကျွန်တော့် ဇာတိမြေမှ မန်းရွှေစက်တော် မြင်းကွင်းကို တင်ပြလိုခြင်းအားဖြင့် ဓါတ်ပုံအနည်းငယ်ဖေါ်ပြလိုက်ပါတယ်။

0

Betta Fish ခေါ် ဖိုက်တာငါး ဂရုစိုက်နည်း

Betta fish ခေါ် ဖိုက်တာငါး များကို ဂရုစိုက်ခြင်းသည် ရှုပ်ထွေးသော ကိစ္စမဟုတ်ပါ။ သို့သော် ဂရုမစိုက်ပါက အရောင်အဆင်းများသည် မှေးမှိန်ပြီးငါးများသည် ကောင်းစွာ ကြီးထွားနိုင်မည်မဟုတ်ပါ။ အလှမွေးငါး အဖြစ် မွေးမည်ဆိုပါက ရိုးရှင်းသော အကြောင်းတွေကိုတော့ သိဖို့လိုအပ်ပါတယ်။ငါးအစာထုပ်တွင် ပါရှိသော အညွှန်းအတိုင်း အစာကို နေ့စဉ် နေ့တိုင်းကျွေးပါက ငါးများကို လျှင်မြန်စွာ ၀စေနိုင်ပါတယ်။ Betta fish ခေါ် ဖိုက်တာငါးများဟာ တက်ကြွလျှင်မြန်သော ငါးများဖြစ်သောကြောင့် များများကျွေးရန်မလိုပါဘူး။ သေးငယ်တဲ့ ငါးအလှမွေးကန်မှာ ထားရှိပါက အဆင်မပြေနိုင်ပါ။ ဘာကြောင့်လဲဆို ရေအနည်းငယ်သာဆန့်ပြီး ငါးများအတွက် ခက်ခဲနိုင်ပါတယ်။ တကယ်လို့ ရေတစ်ဂါလံဆန့်တဲ့ကန်မှာ ထားရှိပါက ရေနေရာကျယ်ဝန်းသည်နှင့်အမျှ အစာမှထွက်သော ammonia levels သည်အဆိပ်အတောက် ဖြစ်စေနိုင်သည်အထိဖြစ်တက်ပါတယ် ဒါကြောင့် ရေနေရာကျယ်ဝန်းသော်လည်း အစာကို သင့်တင့်ရုံသာ ထည့်သင့်ပါသည်။ သူတို့ကြိုက်တက်သော တီကောင်နှင့် အစာအချို့ကိုတော့ တစ်ခါတစ်ရံထည့်ပေးရန် မမေ့သင့်ပါ။ ရေကောင်း ရေသန့်မှာ ထားရှိခြင်းသည် ငါးများကိုထိန်းသိမ်းခြင်း၏ အဓိက အချက်ဖြစ်ပါသည်။ ရေကောင်း ရေသန့်မှာမထားရှိပါက သူတို့၏အေ၇ာင် အသွေးများဟာ မလှမပ ဖြစ်နိုင်ပြီး ပါးဟပ်များလည်း မကောင်းနိုင်ပါ။ ငါးကန်သေးသေးမှာ ထားရှိပါက ရေကိုမကြာမကြာလဲပေးရမှာဖြစ်ပါတယ်။ရေကိုခဏခဏ လဲပေးခြင်းသည် ငါး၏ကိုယ်ခံအားစနစ်ကိုကောင်းစေပါတယ်။ သတိပြုရမဲ့တစ်ချက်ကတော့  ကျန်သောစားကျွင်းစားကျန်များ အနှယ်ထိုင်ခြင်းနှင့် ရေမှာပေါ်နေခြင်းသည် ငါးများကို အဆိပ်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စားကြွင်းစားကျန်များကို မရှိနေအောင်ဖယ်ရှားပေးရပါမှာ။
လာရောက်ဖတ်ရှု့သူအလားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။နောက်လဲ လာဦးနော်..::D

0

ဖိုက်တာ ခေါ် Betta Fish တစ်ကောင်နဲ့တစ်ကောင် ဘာကြောင့်တိုက်ခိုက်ကြလဲ ?

Thursday, 14 October 2010

ဖိုက်တာ ခေါ် Betta Fish တစ်ကောင်နဲ့တစ်ကောင် ဘာကြောင့်တိုက်ခိုက်ကြလဲ ?
 Betta ငါးအထီးနှစ်ကောင်ကို ကန် တစ်ခုတည်းမှာ ထားလျှင် မဖြစ်နိုင်ကြောင်း လူတော်တော်များများ သိရှိကြပါတယ်။ ဘာကြောင့်ဆို အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုမှာ သေချာသလို ၊ ရန်ပွဲသည်လည်း တစ်ကောင်သေဆုံးမှသာ အပြီးသတ်တက်ကြပါတယ်။ သို့သော် အထီးနဲ့အမတို့ကိုတော့
ယှဉ်တွဲထားရှိနိုင်ပါတယ်။ အချိန်ကာလအားဖြင့် အမများ သားပေါက်ပြီးချိန်ထိပါ။ ထိုကဲ့သို့ အထီးနှင့်အမထားလျှင် အဆင်ပြေပြီး အထီးနှစ်ကောင်ထားလျှင် အဆင်မပြေဖြစ်ရခြင်း အကြောင်းအရင်းကို နားလည်နိုင်ရန် ထိုငါးများ၏ မျိုးစိတ်နှင့် သဘာဝကပေးသော အလေ့အထကို သိရန်လိုအပ်ပါသည်။Betta fish ခေါ် ဖိုက်တာငါးများသည် ထိုင်းနိုင်ငံ၏ မြေယာစိုက်ပျိုးသော ရေတိမ်များတွင် အဓိကတွေ့ရှိပါသည်။ ထိုရေသည် ငါးများ အတွက် လိုအပ်သော အစာ အာဟာရနှင့် အကာကွယ်ပေးနိုင်ပါသည်။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းသည် သတ္တဘာသာဘာဝအရ နေထိုင်ရာဒေသတွင်တစ်ကောင်တည်းသာ ပိုင်ဆိုင်နိုင်ရန်ဖြစ်သည်။ အထီးနှစ်ကောင်နှင့် အမတစ်ကောင်ယှဉ်တွဲထားရှိပါက အထီးနှစ်ကောင်ဟာ ရင်ဆိုင်တွေ့တွေ့ချင်းပဲ နောက်သို့ဆုတ်ပြီး ပါးဟပ်များကိုဖွင့်ဟကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်တိုက်ခိုက်ကြတော့တာပါပဲ။တစ်ကောင်သာကျရှုံးပါက ကျရှုံးသော တစ်ကောင်သည် ထွက်ပြေးတိမ်းရှောင်တက်ပါတယ်ဒါမှမဟုတ်ဒဏ်ရာအနာတရဖြစ်စေသည်အထိတိုက်ခိုက်တက်ကြပါတယ်။Betta fish ခေါ် ဖိုက်တာငါးများကို အလှမွေးငါးအဖြစ်မွေးခြင်းသည် ခေတ်စားလာသည်နှင့်အမျှ ထွက်ပြေးရန်နေရာဒေသ ကျဉ်းသဖြင့် တိုက်ခိုက်မှုပိုပြင်းထန်လာကြောင်းတွေ့ရပါတယ်ဗျာ....။ အားပေးမှုကို ကျေးဇူးအထူးတင်ပါတယ် နောက်မှာ ဆက်ရေးပေးပါဦးမယ်ဗျာ။