Pages

0

ဆုံတွေ့ခိုက်

Saturday 5 March 2011

မင်းသိပါစေ အနမ်းနေ့ချိန်
နွေးထွေးနှုတ်ခမ်း မင်းအနမ်းနဲ့
ကြယ်တွေလှတဲ့ တို့ရဲ့ညချိန်
နှုတ်ခမ်းတစ်စုံ ချိုမြိန်ခဲ့လေပြီ...။
မျှော်လင့်ခြင်းနဲ့ တမ်းတနေ့ရက်
ငါ့ရင်ခွင်ထဲ မင်းရှိပါစေ...
အသံတွေတိတ် ညရဲ့အရိပ်
ကမ္ဘာသစ်သို့ လှမ်းခဲ့လေပြီ...။
မင်းသိပါစေ ငါ့အလွမ်းတွေ တစ်သီသီ
ပြန်လာခဲ့ပါ ငါ့ရင်ခွင်စီ...။

0 Responses to "ဆုံတွေ့ခိုက်"