Pages

0

စိတ်ထဲ ရှိတာလေး

Wednesday 26 January 2011

ဒီနေ့ နံနက် အိပ်ယာနိုးတော့ ထုံးစံ အတိုင်း ချစ်တဲ့
ငါးလေးတွေကိုအစာချကျွေးနေမိတယ် တံခါးကိုဖွင့်ပြီး
ကောင်းကင်ကိုမေ့ကြည့်မိလိုက်တယ် တိမ်တွေမှာဖြင့် အခဲလိုက် အခဲလိုက်
နေရာယူ နေကြတယ် ကျွန်တော့်စိတ်ကူးမှာတော့ သာယာသွားသလိုခံစားရတယ်။ဒီလိုနဲ့
နာရီကြည့်လိုက်တော့ နံနက် (8)နာရီထိုးနေပြီ မျက်နှာအမြန်သစ်
အ၀တ်စားလဲပြီး အလုပ်ကိုသွားဖို့ပြင်ဆင်ရတော့တယ် နံနက်စာတော့
စားစရာမရှိပါဘူး ကြုံသလို ဖြစ်သလို စားနေကြလေ ဒါနဲ့ သီချင်းဖွင့်ထားတဲ့
ကျွန်တော့်ကွန်ပျူတာကိုပိတ် အိမ်တံခါးတွေပိတ်ပြီး ထွက်လာခဲ့လိုက်တယ်။
အလုပ်ကို (၈)နာရီ (၄၅)လောက်ရောက်ခဲ့ပြီ။လုပ်နေကြတွေ
ထပ်ပြီးလုပ်ရတော့မယ်ဆိုတာ အသိစိတ်က သိနေပြီးသားပါ ဆိုင်တံခါးကိုဖွင့်
အပြင်မီးတွေပိတ် ဆိုင် အတွင်မှာရှိတဲ့ ဆိုင်ရဲ့ main server
ကိုအရင်ဖွင့်ပြီး ကျန်တဲ့စက်တွေ လိုက်ဖွင့်တယ်
စက်တွေကျန်းမာရေးကောင်းမကောင်း စစ်ရသေးတယ်...ဟောဗျာ လုပ်နေရင်းနဲ့
သတိရမိလာတယ် အရင်နေ့က သူငယ်ချင်းစက်ပြင်ဖို့ ပေးထားတာ မပြီးသေးဘူးပဲ
သတိရလာမိတယ် ဒါနဲ့ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ အဲဒီဆက်ဘက်ကို လှမ်းခဲ့တယ်
တော်တော် ရွဲ နေတဲ့ စက်ကြီးပါ ဟီးဟီး သူငယ်ချင်း ကိုယ်သွားမပြောနဲ့နော်
သူ့စက် အဲလိုပြောတယ်ဆိုပြီး သူ့စက်ကို မီးရှို့ နေပါဦးမယ်...:D ဒီနေ့တော့
နေရထိုင်ရတာ အဆင်မပြေဘူးဖြစ်နေတယ် ညနေ အလုပ်က စောစောပြန်လိုက်မယ် ..
တစ်ယောက်တည်းသမားအတွက် အိမ်ပြန် ထမင်းချက်ရမယ် အိမ်ပြင် ဟင်းအဖြစ်
တစ်ခုဝယ်သွားလိုက်မယ် တိန်တိန်...ရုပ်ရှင်ကြည့်ပြီးအိပ်လိုက်ရဦးမှာပေါ့
ဒီလိုနဲ့ နေ့ပေါင်းလပေါင်းများစွာ နှစ်တွေ အတော်ကြာနေခဲ့ပါပြီ ..ဟွန်းးး
ဆိုပြီး သက်ပြင်းပဲ ချနေရပြန်တယ်...

0 Responses to "စိတ်ထဲ ရှိတာလေး"