Pages

0

မူရင်း

Saturday 21 August 2010

မိုးစက်တွေ အောက်မှာ
ရင်ခုန်သံတွေ မညီညာခဲ့ပြီ
နွေးထွေးစွာ ပွေ့ဖတ်ထားတဲ့
ငါတို့လက်တွေ ..
အချိန်က အပြေးလွှား ခွာချတော့မယ်နော်။
...
ရင်ခုန်သံတွေ ဖောက်ပြန်ခဲ့တာ
မင်း အချစ်တွေကြောင့်ပေါ့
ကာရံတွေ မညီညာ တဲ့ ငါ့ညတွေ
ပျော်စရာတွေ မင်းပေးလို့ လှပခဲ့ပြီလေ ..။
ညင်သာစွာ နမ်းရှိုက်ခွင့်ဟာ
ငါ့ တစ်ဘ၀လုံးကို နွေးထွေးစေခဲ့တယ်
ချစ်သူ...
မင်းမရှိရင် ငါ့ဘ၀ ပျောက်ဆုံး
နိဂုံးတန်ရမလို ဖြစ်နေရပါပြီ
ငါ့အနားမှာ ရှိနေပေးပါ
..ချစ်သူ။

0 Responses to "မူရင်း"