Pages

0

p4 ကွန်ပျူတာ တစ်လုံးကို ငွေကျပ်တစ်သိန်းကျော်နဲ့ ဆင်ပေးမဲ့ ACT

Sunday 7 February 2010

p4 ကွန်ပျူတာ တစ်လုံးကို ငွေကျပ်တစ်သိန်းကျော်နဲ့ ဆင်ပေးမဲ့ ACT ကွန်ပျူတာ အရောင်းနဲ့ ဆားဗစ်စင်တာ ဖွင့်လှစ် ACT Computer Sales & Services Centre ဖွင့်ပွဲကို အမှတ်(၁၅၄)၊ (၃၈)လမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း(ဝ၁-၃၈၈၇၈၁၊ ဝ၉-၅ဝ၈၉၈၂၂၊ ဝ၉-၅၁၉၉၈၈၂) မှာ (၂၁၊၆၊၂ဝဝ၉)ရက် ညနေ (၃)နာရီက ကျင်းပ ခဲ့ပါတယ်။ ACT ဆိုင်ဖွင့်ပွဲကို သရုပ်ဆောင် သတ္တိ၊ ပပဝင်းခင်၊ မိုးဟေမာန်ခင်တို့ တက်ရောက် ခဲ့ကြတာကို တွေ့ရပါတယ်။ ACT ကွန်ပျူတာ အနေနဲ့ P4 အမျိုးအစား ကွန်ပျူတာ use များကို ငွေကျပ် တစ်သိန်းကျော်နဲ့ ဆင်ပေး နိုင်တယ်လို့ သိရပါတယ်။ ACT ကွန်ပျူတာ အနေနဲ့ မကြာမီမှာ မလေးရှားဖက်စပ် LCD မော်နီတာ၊ ကီးဘုတ်၊ မောက်စ်တို့ကို တစ်ဦးတည်း ကိုယ်စားလှယ် အနေနဲ့ သွင်းတော့မယ်လို့ သိရပါတယ်။ ACT ကွန်ပျူတာ အနေနဲ့ ကွန်ပျူတာ သင်တန်း ဖွင့်မယ့်သူတွေကို လိုင်စင်များ လျှောက်ပေးမှာ ဖြစ်သလို အင်တာနက်ဆိုင်ဖွင့်မယ်သူတွေကို လိုင်စင်ရော၊ လိုင်းပါ လျှောက်ပေးမယ့် အခမဲ့ဝန်ဆောင်မှုပေးမယ်လို့ လည်းသိရပါတယ်။ ACT ကွန်ပျူတာအနေနဲ့ဈေးနှုန်းကို အထူးသက်သာအောင် ရောင်းချပေးမယ့်အစီအစဉ်ဟာ တစ်ဆင့် ဝယ်ယူရောင်းချခြင်းမဟုတ်ဘဲ တိုက်ရိုက်ဝယ်ယူ ရောင်းချခြင်းဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်းအထူးသက် သာခြင်းဖြစ်တယ်လို့ ACT ဆိုင်ရှင် ကိုပြည့်စုံနဲ့ ဆိုင် တာဝန်ခံ မပွင့်သန္တာစိုးတို့က ရှင်းပြခဲ့ပါတယ်။ KZY
လျှပ်တစ်ပြက် သတင်းဂျာနယ် မှ ကူးယူ ဖော်ပြသည် ။


0 Responses to "p4 ကွန်ပျူတာ တစ်လုံးကို ငွေကျပ်တစ်သိန်းကျော်နဲ့ ဆင်ပေးမဲ့ ACT"