Pages

0

တူယှဉ်တွဲ

Wednesday 22 June 2011

ချိုမြိန်တဲ့ အပြောင်းလဲတွေကြားမှာ...
ခါးသီးမှုတွေဟာလဲ အစဉ်လိုက်ရှိနေခဲ့တယ်..။
ရရှိခြင်းတွေရဲ့ အတိတ်မှာ...
ပေးဆပ်ခဲ့ရခြင်းတွေ ရှိနေခဲ့မှာပေါ့...။
အိပ်ပျက်ခဲ့ရခြင်းမှာ...
မအိပ်ခဲ့ရခြင်းတွေရှိမှာပေါ့...။
နေထွက်တယ်ဆိုတာ
ပြန်ဝင်ဖို့နေရာရှိခဲ့လို့နေမှာပေါ့...။
မွေးဖွားခြင်းတွေမှာ..
သေဆုံးခြင်းက ရှိနေဦးမှာပဲပေါ့..။
သို့သော်...သို့သော်
သူတို့တွေမှာ အပြန်လှန်ရှိနေကြသတဲ့လား....။

0

ကြေကွဲအခန်း

Saturday 11 June 2011

ဖုန်းထဲက အသံဆုံးသွားချိန်မှာ ကျွန်တော်မျက်ရည်တွေဝဲနေမိတယ် ၀မ်းနည်းလို့ဖြစ်သလို မကျေနပ်မှုတွေကြောင့်လဲဖြစ်နိုင်ပါတယ် ဒီနေ့ ဖေဖေ့ဆီက ဖုန်းလာတယ်လေ သားနေကောင်းရဲ့လား သားအမေပြောနေတယ် ဖုန်းမဆက်လို့တဲ့လေ မင်းအဆင်မှပြေရဲ့လား မင်းအမေလဲ နေတော့ကောင်းပါတယ်ကွာ ဒါပေမဲ့ လက်ပြင်အောင့်နေတယ် ခြေဖျားလေးတွေမှာ ကြင်သလိုဖြစ်နေတယ်တဲ့ အဖေ ဆေးခန်းသွားဖို့ပြောတော့ ရတယ် မသွားဘူး သက်သာမှာပါဆိုပြီးနေတယ်။ဖေဖေ အဲလိုပြောပြီးချိန်မှာ ကျွန်တော် အရမ်းဝမ်းနေနေ ပြီ။ နောက်ထပ် ဖေဖေထပ်ပြောတယ် မမ တို့ လင်မယားအကြောင်းပါ ကျွန်တော့်မိဘတွေဟာ (လျော်ဖြူတောဆိုတဲ့ ရွာတစ်ရွာမှာ နှစ်စဉ် ၀တ်ဆောက်တည် တဲ့ သံဃာတော်များကို အလူလုပ်ပါတယ်) အဲဒီနေ့မှာပဲ ကျွန်တော့် မမ အိမ်စောင့်နေခဲ့တယ် ပြီးတော့ ဖေဖေ နဲ့မေမေ ပြန်လာတော့ စာတစ်စောင်ထားခဲ့တယ် မမ သူ့သမီးနဲ့အတူ သူ့အမျိုးသားရှိတဲ့ အရပ်ကိုပြန်သွားပြီဆိုတဲ့အကြောင်းပေါ့ သူ့အမျိုးသားဟာ မေမေတို့အိမ်ကနေထွက်သားတာ (3)လကျော်ရှိနေပြီ သူ့အိမ်ပြန်ပြီး ငွေရှာသွားတယ်လို့သိရတယ် အဲလိုနဲ့ ခုချိန်ထိ ပြန်မလာဘူး။ဖြစ်ပုံက မပြေလည်မူတွေကြောင့်ပါပဲ အဲလိုနဲ့ မမ လည်း မိဘတွေကို ဖွင့်မပြောပဲ အဲဒီအလူနေ့မှာပဲ စာချန်ခဲ့ပြီး အိမ်ကထွက် သွားခဲ့ပါတယ်။ မေမေ့မှာ သူ့မြည်မက အရမ်းချစ်တာလေ အခုဆိုမနေတက်ဘူးပေါ့။ လက်ရှိအိမ်မှာ ဖေဖေနဲ့ မေမေ နှစ်ယောက်ပဲရှိတော့တယ် ကျန်တာကတော့ အလုပ်သမားတွေရှိတာပေါ့။ ကျွန်တော်က လဲ မိုင်ချီဝေးတဲ့ တစ်နေရာမှာ ဘ၀တက်လမ်းအတွက် ထွက်ခွာခဲ့တာကြာပြီ အဝေးကနေ ဒီလိုအဖြစ်ပျက်တွေကြားရတော့ ကျွန်တော့် မျက်ရည်တွေက ဘယ်နေပါတော့မလဲ မြေခရတော့တာပေါ့။ ပထမ တွေးမိလိုက် တာက ငါအိမ်ပဲပြန်နေတော့မယ်အတွေးတစ်ခုပါပဲ မိဘတွေကို အချိန်ကြာပစ်မထားချင်တဲ့စိတ်ပါပဲ သို့သော် လက်ရှိ ကျွန်တော်ရှင်သန် ကြိုး စားနေခြင်းက ကျွန်တော့်မိဘတွေအတွက် ဦးစွာပထမပါပဲ။ ခုချိန်ထိ ဖြစ်သင့်သလောက်ဖြစ်မလာသေးပါဘူး။ လောင်းရိပ်မိတဲ့နေရာကို ရောက်နေသလားခံစားမိတယ်ဗျာ။ ကျွန်တော်တို့ မိသားစု အသိုက်မြုံလေး အဲလိုကွဲနေရတာတွေဟာ ဘာကြောင့်လဲ။ မမ တို့မိသားစုကလည်း တစ်မျိုးပါပဲ။ ယောက်ဖ လို့မသက်မှတ်ပါဘူး ညီကိုလိုပါပဲ မမ အမျိုးသားဟာ အလုပ်ကိုင် မယ်မယ်ရရမရှိ ငွေရှာခြင်းမရှိ သူ့အိမ်သူပြန်နေပြီဆို တော့ မေမေနဲ့ ဖေဖေက ဘယ်ကြည်ဖြူနိုင်ပါ့မလဲ အိမ်မှာနေ အိမ်လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်ပြီးနေခွင့်ပေးထားတယ် အဲလိုလဲမလုပ် အပြင်မှ လုပ်ပြီး လဲငွေမရှာတော့ ဝေးပြီးရင်းဝေးနေရတော့တာပဲ။ အခုဆိုရင် မေမေနဲ့ ဖေဖေ နှစ်ယောက်တည်းပါလား အတွေးက ကျွန်တော့်ကို လှမ်း ခေါ်နေတာပါပဲ။ ကျွန်တော် သင်္ကြန်ရှေ့က အိမ်ခဏပြန်ဖြစ်ပါတယ် ဖေဖေနဲ့မေမေကို ကျွန်တော့်စိတ်ကူး ပြောပြလိုက်ခဲ့တယ် အဲဒါက ကျွန်တော်နဲ့အတူ
မေမေတို့လာနေပါလား အပြီးပိုင် လာနေဖို့ပါပဲ လက်ရှိ ရှိနေတဲ့ အရာတွေကို ရောင်းချခဲ့လိုက် ကျွန်တော်ရှိတဲ့အရပ်မှာ အခြေချမယ် ရောင်းချပြီး ရလာတဲ့ ငွေတစ်ချို့ကို အိပ်နဲ့ဝိုင်းအသင့်သင့်ဝယ်ပြီးနေ ဘာမှမလုပ်ပါနဲ့တော့ ကျန်ငွေတစ်ချို့ကို ဘဏ်မှာအပ်ထားပြီး ဘဏ်တိုးလေးနဲ့ စားပေါ့ ကျွန်တော်က ဆက်ပြီးကြိုးစားမယ် ငွေရှာမယ်ပေါ့ မမ တို့ မိသားစုပါ အတူလိုက်နေမယ်ဆိုလဲ ရပါတယ် ဒါပေမဲ့ ဒီခေတ်မှာ အိမ်မှာထိုင်နေလို့ တော့မရဘူးပေါ့ မမ လဲ အလုပ်လုပ် ရွှေယောက်ဖလည်း အလုပ်လုပ် ဒီလိုနဲ့ တိုးတက်ရေးလမ်းကြောင်းကိုလျှောက်မယ် ဆိုတဲ့စိတ်ကူးပါပဲ။ ဆိုလိုတာက မေမေရဲ့ ချက်မြုပ်ဒေသလေးက အပြီးပိုင်ခွဲခွာစေလိုတာမဟုတ်ပါဘူး အိမ်တွေဝိုင်းတွေ တစ်ချိုချန်ထားခဲ့ပေါ့ အဲလိုပါ။ ဖေဖေက တော့ အဲလိုလုပ်ချင်တယ် ကျွန်တော့်စိတ်ကူးကို သဘောကျပါတယ် မေမေကတော့ အင်းမလုပ်အဲမလုပ်ပါပဲ ကျွန်တော့်စိတ်ကူးကိုလဲ မငြင်းရက်၊မစွန့်ခွာရက်ဖြစ်နေရှာတယ်လေ ကျွန်တော့်အတွက် အဝေးတစ်နေရာကနေ လွမ်းစိတ် ပူပင်စိတ်တွေနဲ့ပေါ့ ထိုနည်းတူ မိဘတွေမှာလဲ အဲထက်ပိုမှာပါ။ ကျွန်တော် သတိရတယ်ဗျာ အရင်ချိန်တွေကို မောင်နှစ်မနှစ်ယောက် ဖေဖေရယ် မေမေရယ် မိသားစုလေးယောက် နွေးထွေးခဲ့တယ် မမ က ဟင်းချက်ကောင်းတယ် ပြီးတော့ မုန်းအမျိုးမျိုး ကျွန်တ်ာတို့ကို လုပ်ကျွေးတယ် မေမေကလဲ အိမ်အလုပ်လုပ်ရင် ဆန်စက်ဘက်မှာလဲ ဦးစီးတယ် ဖေဖေကတော့ အစုံပေါ့ ကျွန်တော် ရှိစဉ်က ဆန်စက်ကို ကျွန်တော့်ဦးစီးလုပ်ကိုင်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာ ဆန်စက်တွေဟာ ပေါများလာသည့်အတွက် အရင်လောက်တော့ အဆင်ပြေချင်း မရှိတော့ဘူးပေါ့။ နောက် တစ်ခုက ကျွန်တော်တို့ စိတ်ကူးထားတဲ့အိပ်လေး ပါပဲ အိပ်ခန်းငါးခန်းပါတဲ့အိမ်လေး ဆောက်ဖို့ပါပဲ တစ်ဝက်လောက်ပြီးသွားပါပြီ ပုံစံကတော့ တစ်ထပ်တိုက်ပုလေးပါ အရှေ့မှာပန်းခြံလုပ်မယ် ခြံဝန်းကကျယ်တယ်။တစ်ထပ်တိုက်ကို ခေါင်ပေါ်မှာ ၀ရံတာလုပ်မယ် အပန်းဖြေဖို့ခံလှလှလေး တွေနဲ့ အမိုးထက်လုပ်မယ် ၀ရံတာတက်ဖို့အတွက် လိုင်ကောက်ကွေးလှေကားထစ်လေးတွေနဲ့ပေါ့။အဲဒါတွေလဲ အားလုံးရပ်တန့်သွားခဲ့တယ် ဘာကြောင့်လဲဆိ ကျွန်တော်ကလဲ ကျောင်းပြီးကတည်းက အဝေးတစ်နေရာရောက်နေခဲ့တယ် ဘ၀အတွက် စာထွက်သင်တာပါပဲ ဘ၀စားဝတ်နေရေးအတွက် ကိုယ်ကိုတိုင် ထူထောင်ချင်စိတ်ရယ် ပညာသင်မယ် ငွေရှာမယ်ပေါ့ အဲလိုထွက်သွားခဲ့တယ်။ မမ က အိမ်ထောင်ကျသွားတယ် အဲလိုနဲ့ ကျွန်တော် အိမ်လေးကို ဖေဖေနဲ့ မေမေ ဆက်ပြီးတော့မဆောက်ပဲ ရပ်ထားခဲ့ကြတယ် သားသမီးတွေ အဝေးရောက်ကုန်ပြီ သူ့နေရာနဲ့သူ အခြေချ အိမ်ထောင်ကျမှာပဲ အတွေးကြောင့်ပါပဲ တကယ်တော့ အဲလိုမဟုတ်ပါဘူး ကျွန်တော် အဲအိမ်လေးကို ဆက်ဆောက်မယ် မိသားစုတွေ ပြန်ဆုံရာ စံအိမ်လေးပေါ့။ ယခုချိန်မှာ ကျွန်တော့မိဘ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်တော့ ကျွန်တော် သေသင့်ပါပြီ ကျွန်တော်သားမိုက်ဖြစ်ရပြီလား။ အချိန်နဲ့တပြေးညီ ကြိုးစားပြီး မိဘတွေနဲ့ သိုက်သိုက်ဝန်းဝန်နေဖို့ ကျွန်တော်ကြိုးစားရတော့မယ် သို့မဟုတ် ကျွန်တော်ရှိတဲ့ အရပ်မှာ ခေါ်ထားလိုက်တော့မယ်။ ညဆိုရင် တစ်ယောက်တည်း ကျွန်တော်ကြေကွဲ အခန်းငယ်ထဲမှာပေါ့ အဲလိုညတွေ ကုန်ဆုံးပါစေတော့။ ဖေဖေ နဲ့မေမေ နေကောင်း ကျန်းမာပါစေ။ အဝေးရောက်သား

0

Blog / HTML လေ့လာခြင်း (၁)

Thursday 9 June 2011

Close Your rating was successfully added.
Close Sorry, an error occurred while adding your rating.

Sunday, 13 March 2011 at 08:53

What is HTML?

HTML ဆိုတာ Web Pages တွေကို ပေါ်လာအောင်ရေးထား-ဲ့ Web Page ရေးနည်း
ဘာသာစကားတစ်မျိုး- ဖစ်ပါတယ် ။

HTML ရဲ့ အရှည်ကတော့ Hyper Text markup Language လို့ခေါ်ပါတယ် ။

Markup Language ဆိုတာကတော့ Markup Tags လေးတွေအများကြီးန-့  ဖွဲ့စည်းထားတာပါ ။

HTML ကတော့ အဲသည့် Markup Tags လေးတွေကို အသုံးပြုပြီး Web Pages
အနေနဲ့ဖေါ်ပြသွားတ- ပါ ။

HTML Tags

HTML markup tags တွေကို အများအားဖြင့် HTML Tags လို့ အလွယ်တကူခေါ်ကြပါတ-်။

ကဲဒါဆို HTML Tags ရဲ့ စည်းကမ်းလေးတွေကိ- လေ့လာကြည့်ရအောင် ။

1. Angle brackets < > လေးတွေနဲ့ ခတ်ရပါ့မယ် ။ ( ဥပမာ ။ < html > )

2. အစ အဆုံး အတွဲလေးတွေနဲ့ ရှိရပါ့မယ် ။ အဆုံးက / လေးတစ်ချက်ခံရပါမ-်။

(ဥပမာ ။ ….. ) အဲသည့်အစဖွင့် ။အဆုံးပိတ်လေးတွေ-ို Opening Tags and
Closing Tags လို့ခေါ်ပါတယ် ။

အဲသည်လို့ HTML Tags လေးတွေနဲ့ HTML Documents လေးတွေ လုပ်။
နောက်ဆုံးမှာတော့ Web Pages တွေအဖြစ် ချိတ်ဆက်ပြီး ပုံပေါ်လာတာပါဘဲ ။

________________________________________
HTML Documents = Web Pages

Web Browser လို့ခေါ်တဲ့ ( internet Explorer / Firefox ) စတဲ့ browser တွေကတော့

အဲသည့် HTML documents တွေကို ဖတ်ပြီး web pages အနေနဲ့ဖေါ်ပြပေးတဲ-
browser တွေပါဘဲ ။

အဲသည့် browser တွေက HTML Tags တွေကို မဖေါ်ပြပေးပါဘူး ။

အဲသည့် Tags တွေကို ဘာသာပြန်ပေးပြီး Web pages အနေနဲ့သာပြပေးတာပ- ။

ကဲ ဥပမာလေးနဲ့ ကြည့်ရအောင်နော် ။

<html>
<body>

<h1><b>တော်ဝင်ချယ်ရီ</b></h- 1>

<p>တလွဲတွေလုပ်တတ်ေ-ာမိန်းမတစ်ယောက်ြ- စ်ပါသည်။ အသက်၂၉နှစ်ရှိပြါ-ီ။</p>

</body>
</html>

Example Explained

* <html> နှင့်</html> ကြားထဲကစာသားတွေက-ု Web Pages အနေနဲ့မြင်ရမှာဖြ-်ပါတယ် ။
* <body> နှင့်</body> ကြားထဲကစာသားကတော- page မှာရေးထားတာမြင်ရ-ှာဖြစ်ပါတယ် ။
* <h1> နှင့်</h1> ခေါင်းစဉ်အနေနြဲ့- င်ရမှာဖြစ်ပါတယ် ။ <b> </b> bold
လုပ်ထားခြင်းဖြစ်-ါသည်။
* <p> နှင့် </p> စာပိုဒ်အနေနဲ့မြင- ရမှာဖြစ်ပါတယ်။

တော်ဝင်ချယ်ရီ

တလွဲတွေလုပ်တတ်သေ- မိန်းမတစ်ယောက်ဖြ-်ပါသည်။ အသက်၂၉နှစ်ရှိပြါ-ီ။

ကဲ အောက်မှာ ဘယ်အရာတွေက ဘာအတွက်သုံးလဲ လေ့လာကြည့်ရအောင်- နာ်။

HTML ခေါင်းစဉ်ကို

HTML ခေါင်းစဉ်ကို <h1> to <h6> tags.လေးတွေနဲ့သတ်မှတ-်တယ် ။

Example

<h1>This is a heading</h1>
<h2>This is a heading</h2>
<h3>This is a heading</h3>

This is a heading
This is a heading
This is a heading

HTML Paragraphs

HTML စာပိုဒ်ကိုတော့ <p> </p> tag နဲ့သတ်မှတ်ပါတယ် ။

Example

<p>This is a paragraph.</p>
<p>This is another paragraph.</p>

This is a paragraph.

This is another paragraph.

HTML Links

HTML Links တွေကိုတော့ <a> </a> tag နဲ့ချိတ်ဆက်ပါတယ် ။

Example

span style="color: #ff0000;">a
href="http://www.w3schools.com"&gt;လင့်ချိတ်ရင်ပေါ်ခ- င်တဲ့နာမည်ကို
ဒီမှာရေးပါ</a>

HTML Links
HTML Links တွေကိုတော့ tag နဲ့ချိတ်ဆက်ပါတယ် ။
Example
လင့်ချိတ်ရင်ပေါ်ခ- င်တဲ့နာမည်ကို ဒီမှာရေးပါ

HTML Images

HTML ပုံတွေ ထည့်ချင်ရင်တော့ <img> </image> tag. နဲ့အသုံးပြုပါ ။

<img src="w3schools.jpg" width="104" height="142" > ၏

(အကျယ် ။ အမြင့်ကို လဲကြိုက်နှစ်သက်ရ- ချိန်လို့ရပါတယ် ။ ထည့်တဲ့
ပုံစံလေးကိုသာသေခ-ာလေ့လာထားပါ) ။

HTML Elements
An HTML element ဆိုတာကတော့ အစ Tag နဲ့ အဆုံး Tag ရှိကိုရှိရပါတယ် ။

HTML Elements

An HTML element ဆိုတာကတော့ အစ Tag နဲ့ အဆုံး Tag ရှိကိုရှိရပါတယ် ။

Start tag *

Element content

End tag *

<p>

This is a paragraph

</p>

<a href="default.htm" >

This is a link

</a>

<br />

* The start tag is often called the opening tag. The end tag is often
called the closing tag.

HTML Element Syntax

* An HTML element starts with a start tag / opening tag
* An HTML element ends with an end tag / closing tag
* The element content is everything between the start and the end tag
* Some HTML elements have empty content
* Empty elements are closed in the start tag
* Most HTML elements can have attributes

<br />

သည် element ကတော့ အဆုံးမရှိတဲ့ element တစ်ခုဖြစ်ပါတယ် ။ တစ်လိုင်းဆင်း
လုပ်ချင်ရင် သုံးပါတယ် ။ သူဟာ အဆုံးမရှိတဲ့ element ဖြစ်တဲ့အတွက်ကြော-့်
သူ့ကိုရေးရင် start tag ထဲမှာ တင် / လေး ခံရေးလိုက်ပါတယ် ။
<br />