Pages

0

ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်

Saturday 7 November 2009

တရုတ်နိုင်ငံ စီချွန်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်....



ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော် တရုတ်နိုင်ငံ စီချွန်ပြည်နယ် (Sichuan Province)
အိမေးရှန်မြို့ (Eimeishan City) တရုတ်နိုင်ငံလီရှန် မြစ်ဘေးမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်
ကြီးဖြစ်ပါတယ်။တောင်နံရံမှာထွင်းထုထားတာဖြစ်ပြီးခြေနှစ်ဘက်စုံချထားတဲ့ "ပြလမ္ဗနာသန"
ဖြစ်တယ်။ ရှေ့ဘက်မှာရှိမြစ်သုံးစင်းဆုံရာနေရာနှင့်တဘက်ကမ်းရှိလီရှန်မြို့ကို မျက်နှာမူလျက်
တွေ့ရပါတယ်။ အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားကအကြီးဆုံးရုပ်ပွားတော်တွေထက်
18 မီတာပိုရှည်လို့ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အဖြစ်မှတ်တမ်းဝင်တယ်လို့သိရပါတယ်။
ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ဆံကျစ်တော် ပေါင်1021 ရှိကာ အမြင့် 71 မီတာ။
ပခုံးအကျယ် 28 မီတာ။ မျက်နှာတော် အရှည် 14.7 မီတာနဲ့မျက်နှာပြင်အကျယ် 10 မီတာ။
နားရွက်တော်အရှည် 8.5 မီတာအရှည်။မျက်လုံးတော်ဘေးအကျယ် 3.3 မီတာ။လက်ခလယ်
တစ်ချောင်းထဲရဲ့အရှည်မှာဆိုရင် 8.3 မီတာ။ခြေဖ၀ါးတော် 11မီတာ ရှည်ပြီးဘေးအကျယ် 8.5မီတာ။
တရုတ်နိုင်ငံ "တန်" မင်းဆက်လက်ထပ်၊အေဒီ ၇၁၃မှာစတင်ထွင်းထုပြီးနှစ်ပေါင်း(၉၀)အကြာ
။အေဒီ(၈၀၃)မှာအပြီးသတ်ပါတယ်ခေတ်အဆက်ဆက် မင်း နဲ့လူတွေထိမ်းသိမ်းလာခဲ့တာနှစ်ပေါင်း
1200ကျော်လာပါပြီ။
လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့အချို့သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း 1000 ကျော်သက်တမ်းရှိ
အပင်တွေဖြစ်တဲ့အတွက် 1996ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ ကမ္ဘာ့ ယဉ်ကျေးမှု နဲ့သဘာဝပတ်ဝန်းကျင်
ဆိုင်ရာ ဆိုက်တစ်ခုအဖြစ်စာရင်းသွင်းခဲ့တယ်။

ပြီးခဲ့တဲ့ စီချွမ် ငလျင်ကြီးမှာလီရှန် ဗုဒ္ဓရုပ်ပွားတော်ကြီး အထိအခိုက်မရှိလို့သိရပါတယ်။


0 Responses to "ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်"